အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ကြည်းတပ်မတော် ၏ ဗိုလ်ချုပ်ပါးက်ပူးရ် သည် နယ်စပ်ဒေသများသို့ သွားရောက်ကာ နောက်ဆုံး အခြေအနေနှင့် တာဝန်ကျ တပ်မများ၏ တိုက်ပွဲနှင့် ကာကွယ်ရေး ပြင်ဆင်မှုများကို အနီးကပ် ပြန်လည်သုံးသပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ပါးက်ပူးရ် အနေဖြင့် ရမ်ဒွါန် ၏ အေဗါဒသ်များ ကဘူလ်ဖြစ်ရန် နှင့် အီရန် နှစ်သက်ကူး နှုတ်ခွန်း ဆက်ခြင်းတို့ကိုပြောကြားရင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်သားများ၏ နိုးနိုး ကြားကြားရှိမှု၊ မြင့်မားသော စိတ်ဓာတ်နှင့် ကြိုးစားအားထုတ်မှုတို့ကို ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ် ဗိုလ်ချုပ်ပါးက်ပူးရ် မှ အလ်ဟမ်ဒိုလစ်လ္လာဟ် ကျွန်ုပ်တို့၏ မိုဂျာဟစ်ဒီးန်များ (ခ)တပ်သားများသည် မိမိ တို့၏ တာဝန်များကို ပြီးပြည့်စုံသော နိုးကြားမှုဖြင့် ထမ်းဆောင်နေပြီး အစ္စလာမ်၏ နယ်နိမိတ် နှင့် အစ္စလာမ် တော်လှန်ရေးကို ကာကွယ်လျက် ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ ကြည်းတပ်မတော် ၏ ဗိုလ်ချုပ်ပါးက်ပူးရ် က ကျွန်ုပ်တို့ ၏ လူငယ်လူရွဘ် တပ်သားများ သည် နိုင်ငံနယ်နိမိတ်များ ကို နေ့ရောညပါ ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ရုံးပိတ် ရက်များ သို့မဟုတ် ပုံမှန်နေ့များတွင် နေ့ရောညပါ တက်ကြွစွာ ထိန်းသိမ်း စောင့်ရှောက် မှူ တွင် ပါဝင် ဆောင်ရွက် နေ ကြပြီး ဤမြင့်မြတ်သောဝန်ဆောင်မှုကို မိမိ တို့အတွက် ဂုဏ်ယူစရာအဖြစ် မှတ်ယူ ကြကြောင်း ပြောကြား ခဲ့ပါတယ်။
ဤအခါသမယတွင် ခါဒီန်မ်မွတ်ရှ်ရှိုဟဒါ တပ်မဟာ ဗိုလ်ချုပ် အဲဟ်မဒ် မှလည်း ကျွန်ုပ်တို့၏လူငယ်များသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်နိမိတ်များကို အကာအကွယ်ပေးခြင်းကို ဂုဏ်ယူစရာကိစ္စအဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ် အဲဟ်မဒ် မှ မိမိတို့၏ လူငယ်လူရွယ် တပ်သားများ သည် မိမိတို့၏ ခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အမိန့်ကို လိုက်နာပြီး မိမိ တို့၏ နောက်ဆုံးထွက်သက်နှင့် နောက်ဆုံးသွေးတစ်စက်အထိ စစ်မြေပြင်မှာ ရပ်တည်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment