၂၃ မတ် ၂၀၂၅ - ၁၆:၃၄
ကဒ်ရ်ညမြတ် နှင့်ပတ်သက်သည့် အမေးအဖြေများ

မိုအ်မင်မိုအ်မေနသ် များ ရင်ဆိုင်ရမည့် ကဒ်ရ်ညမြတ် နှင့်ပတ်သက်သည့် အမေးအဖြေများ ကို တင်ပြ လိုက်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၊ ပါကစ္စတန် မှ တင်ပြထား သည့် ကဒ်ရ်ညမြတ် နှင့်ပတ်သက်သည့် အမေး အဖြေများ ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ပါတယ်။

(၁) မေးခွန်း - ကုရ်အာန်အမလ်ပြုချိန် ကျမ်းတော်မြတ် ကုရ်အာန် အားခေါင်းပေါ်တင်ချိန် ဖွင့်ပြီး တင်ရမည်လား? သို့မဟုတ် ပိတ်၍ တင်ရမည်လား?

အဖြေ - ကျမ်းတော်မြတ်ကုရ်အာန် အား ပိတ်ပြီးခေါင်းပေါ် တင်ထားလျင် လုံလောက်ပါတယ်။

(၂) မေးခွန်း - ရာသီ သွေးပေါ်နေသည့် အမျိုးသမီး အနေဖြင့် ကုရ်အာန် အမလ် ပြုနိုင်ပါသလား?

အဖြေ - ပြုလုပ်နိုင်ပါတယ်။ အဲဟ်သေယာသွ် အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ စာလုံးများ ကို လက်နှင့် မထိ မိအောင် သတိပြုရမည် ဖြစ်ပါတယ်။

(၃) မေးခွန်း - အမါလ်လေ ရှက်ဗ်ဘေကဒ်ရ် အား ဝဇူ မပါဘဲ ပြုနိုင်ပါသလား?

 အဖြေ - နမာဇ် မှအပ ကျန်အမါလ် အားလုံး ဝဇူ မပါဘဲ ပြုနိုင်ပါတယ်။

(၄) မေးခွန်း - အမါလ်လေ ရှက်ဗ်ဘေကဒ်ရ် အား အာရဘီ စကားဖြင့် ပြုရန် အရေးကြီးပါသလား ?

အဖြေ - အမါလ်လေ ရှက်ဗ်ဘေကဒ်ရ် အား အာရဘီ စကားမှအပ ကျန် ဘာသာစကားများဖြင့်လည်း ပြုနိုင်ပါ တယ်။ သို့သော် အမါလ်လေ ရှက်ဗ်ဘေကဒ်ရ် အတွက် သီးသန့် လာရှိသည့် စူရဟ်များ ၏သေလာဝသ် သို့မဟုတ် မအ်စူမ်(အ.စ)ထံမှဆင့်ပြန်လာရှိသည့် ဒိုအာများကို အာရဘီဘာသာဖြင့် သာဖတ်ရမည် ဖြစ်ပါတယ်။

(၅) မေးခွန်း - ကဒ်ရ် ညမြတ် တွင် ရ်အာန်အမလ်ပြုချိန် ကျမ်းတော်မြတ်ကုရ်အာန် အား ခေါင်းပေါ် တင်ရမည် နည်း ? သို့မဟုတ် မိုဘိုင်း၊ တက်ဘလက် နှင့် လက်ဗ်တော့တွင် သွင်းထားသည့် ကုရ်အာန် ဆော်ဖ်ဝဲလ် ကို ဖွင့်၍ တင်လည်း ရပါသနည်း?

အဖြေ - ကျမ်းတော်မြတ်ကုရ်အာန် ကို သာလျင် တင်ရမည် ဖြစ်ပါတယ်။

(၆) မေးခွန်း - ရာသီသွေးပေါ်နေသည့် အမျိုးသမီး အနေဖြင့် ကဒ်ရ် ညမြတ် တွင် မည်သည့် အမါလ်များကို ပြုလုပ်နိုင်ပါသနည်း ?

အဖြေ - အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ စစ်သာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ ခါမေနာအီ ၏ဖသ်ဝါ အရ ရာသီသွေးပေါ်နေသည့် အမျိုးသမီး အနေဖြင့် ကဒ်ရ် ညမြတ် တွင် နမာဇ် နှင့် စဂျ်ဒဟ်ပြု ရန်ဝါဂျစ်ဗ်ဖြစ်သည့် အာယသ် လေးပါး မှ အပ ကျန်အမလ်များ အားလုံး ပြုနိုင်ပါတယ်။ ဒိုအာများအားလုံး ၊ဇေယာရသ်များ အားလုံး ဖတ်နိုင်ပါတယ်။ကုရ်အာန်အမလ် လည်းလုပ်နိုင်ပြီး ဇေက်ရ်များ လည်း ပြုနိုင်ပါတယ်။ အေမာမ် ခိုမေနီ (ရ.ဟ) ၏ သက္က်လီးဒ် တွင် ရှိနေသည့် အမျိုးသမီးများအနေဖြင့် ရာသီသွေးပေါ်နေချိန် စဂျ်ဒဟ်ပြုရန်ဝါဂျစ်ဗ်ဖြစ်သည့် အာယသ် လေးပါး ပါသည့် စူရဟ် လေးပုဒ် အား မဖတ်ရန် ဒိုအာယေ ကိုမိုင်းလ် ဖတ်ချိန် စူရဟ် စူရဟ် စဂျ်ဒဟ် ၏ အာယသ် တော်အမှတ် ၁၈ (أَفَمَنْ كَانَ مُؤْمِنًا كَمَنْ كَانَ فَاسِقًا لَا يَسْتَوُونَ ) ကိုမဖတ်ရန် လာရှိပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha