အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါလက်စတိုင်း ၏ Shihab သတင်းဌာန၏အဆိုအရ ဂါဇာရှိ ဆေးရုံများ တာဝန်ခံ မရ်ဝန် အလ်ဟမ်ဆ် က ဇီယွန်တပ်များသည် ဂါဇာရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ (သူနာပြုများ ) နှင့် ဆရာဝန်များကို တမင် ပစ်မှတ်ထား နေသည်ဟု ပြောကြားခဲ့ပါတယ်။
ဆေးဘက် ဆိုင်ရာဝန်ထမ်းများကို အထူးပစ်မှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုံးဝ ထိခိုက် နိုင်စေရန် အတွက် ရည်ရွယ် ကြောင်း မရ်ဝန် အလ်ဟမ်ဆ် က ပြောကြားခဲ့ပါတယ်။
မရ်ဝန် အလ်ဟမ်ဆ် ၏အဆိုအရ ပါလက်စတိုင်းလခြမ်းနီကော်မတီ၏လူနာတင်ယာဉ်လေးစီးသည် ရဖဟ် သို့ဝင်ရောက်ခဲ့ သော်လည်း ၎င်းတို့နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဖြစ်ပါတယ်။
၎င်းတို့အား ကယ်တင်ရန် ကြိုးပမ်းမှုအားလုံးပြုလုပ်ခဲ့ သော်လည်း ဇီယွန်ဝါဒီစစ်တပ်က အဆိုပါဧရိယာကို ပြင်းထန်စွာ ဗုံးကြဲပြီး ပစ်ခတ်မှုများကြောင့် မအောင်မြင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ဂါဇာကမ်းမြောင်ရှိ ကျန်ရှိဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာဌာနများတွင် ဇီယွန်စစ်တပ်မှ ဒဏ်ရာရရှိသူများနှင့် ပြည့်နေပြီး ဒဏ်ရာရသူအတွက် နေရာမရှိတော့ကြောင်း မရ်ဝန် အလ်ဟမ်ဆ် က ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ချက်ချင်းအရေးယူပေးဖို့ ၎င်းမှ မေတ္တာရပ်ခံ ထားပါတယ်။
တစ်ဖက်တွင်လည်း ဇီယွန်ဝါဒီများ၏ ဆက်တိုက်တိုက်ခိုက်မှုများသည် ရဖဟ်၏ အက်စ်သွာန် ရပ်ကွက်တွင် ပါလက်စတိုင်းတို့ ထောင်နှင့်ချီ၍ ခိုလှုံရာနေရကြောင်း ဝမ်းနည်းစွာ သိရပါတယ်။
အဆိုပါဒေသတွင် လျှပ်စစ်မီးနှင့် ရေများ ပြတ်တောက်နေပြီး အစားအသောက်နှင့် ဆေးဝါးများ လက်လှမ်း မမီကြောင်း သိရပါတယ်။ အစီရင်ခံချက်များအရ ဒဏ်ရာရရှိသူများ၏ အခြေအနေမှာ ဆိုးရွားနေပြီး ကလေးငယ်များမှာ အစား ငတ်ပြီး ရေငတ်ကာ သေဆုံးသွားကြောင်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အကြီးအကဲက ပါလက်စတိုင်း ၅၀၀၀၀ ၏ အသက် အိုးအိမ်စည်းစိမ်သည် လက်ရှိတွင် အဆိုပါဒေသတွင် ဆိုးရွားသော အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ကြက်ခြေနီနှင့် အခြားအကူအညီပေးရေး အေဂျင်စီများအား လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ရာ တွင် မိမိ တို့၏တာဝန်ကို ကျေပွန်ရန် ဆောင်ရွက် ပေးကြဖို့ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
.......................................................
END / 251
Your Comment