၂ အောက်တိုဘာ ၂၀၁၅ - ၀၄:၀၃
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါ

ဖူမီယိုကီရှီဒါသည် ဂျပန်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်သည်။ ကီရှီဒါသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ပါတီဝင်တစ်ဦးဖြစ်ကာ အောက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သည်။ ကီရှီဒါကို ၁၉၅၇ ခုနှစ်က ဟီရိုရှီးမားမြို့ မီနာမီဒေသတွင်နိုင်ငံရေးမိသားစုတစ်စုက မွေးဖွားခဲ့သည်။ ၎င်း၏ ဖခင်နှင့် အဘိုးတို့မှာ နိုင်ငံရေးသမားဟောင်းများ ဖြစ်ပြီး အောက်လွှတ်တော်အမတ် ဟောင်းများလည်း ဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း ကီအီချိမီယာဇာ ၀ါမှာလည်း ဆွေမျိုးတော်စပ်သူ ဖြစ်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဖူမီယိုကီရှီဒါသည် ဂျပန်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်သည်။ ကီရှီဒါသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ပါတီဝင်တစ်ဦးဖြစ်ကာ အောက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သည်။
ကီရှီဒါကို ၁၉၅၇ ခုနှစ်က ဟီရိုရှီးမားမြို့ မီနာမီဒေသတွင်နိုင်ငံရေးမိသားစုတစ်စုက မွေးဖွားခဲ့သည်။ ၎င်း၏ ဖခင်နှင့် အဘိုးတို့မှာ နိုင်ငံရေးသမားဟောင်းများ ဖြစ်ပြီး အောက်လွှတ်တော်အမတ် ဟောင်းများလည်း ဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း ကီအီချိမီယာဇာ ၀ါမှာလည်း ဆွေမျိုးတော်စပ်သူ ဖြစ်သည်။

ကီရှီဒါသည် ၀ါဆဲဒါတက္က သိုလ်တွင် ဥပဒေဘာသာရပ်အထူးပြု တက်ရောက်ခဲ့ပြီး ၁၉၈၂ တွင် ဘွဲ့ရခဲ့သည်။

ဘွဲ့ရပြီးချိန်တွင် ကီရှီဒါသည် ယခုအခါဖျက်သိမ်းလိုက်ပြီဖြစ် သော Long-Term Credit Bankof Japan တွင် ၀င်ရောက်လုပ် ကိုင်ခဲ့သည်။ ၁၉၈၇ တွင် အောက်လွှတ်တော်အမတ်တစ်ဦး၏ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ သည်။ ၁၉၉၃ တွင် အောက်လွှတ် တော်အမတ်အဖြစ် ပထမဆုံးအ ကြိမ် ရွေးကောက်တင်မြှောက်ခံရ ပြီး ဟီရိုရှီးမားမဲဆန္ဒနယ်အမှတ် (၁)ကို ကိုယ်စားပြုခဲ့သည်။ လက် ရှိအချိန်အထိ ခုနစ်ကြိမ်တိုင်တိုင် ပြန်လည်ရွေးကောက်ခံရပြီး ၀န်ကြီးချုပ် ကိုအီရုမိအစိုးရအဖွဲ့တွင်လည်း ပါဝင်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ စက်တင်ဘာအထိ  LDP ပါတီ၏ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

LDP ပါတီအတွင်း၌ ကီရှီဒါ သည် ၀ါရင့် LDP နိုင်ငံရေးသမား မာကိုတာကိုဒါနှင့် နီးစပ်သူဖြစ်ခဲ့ပြီး ၂၀၁၂ အောက်တိုဘာတွင် ကိုဒါအဖွဲ့၏ ထိန်းချုပ်မှုကို ကီရှီဒါ က ရယူခဲ့သည်။

ကီရှီဒါသည် အိုကီနာဝါရေး ရာဝန်ကြီးအဖြစ် ၂၀၀၇ နှင့် ၂၀၀၈တွင် တာဝန်ယူခဲ့သည်။ ပထမဦးစွာ အာဘေး၏ အစိုးရအဖွဲ့ဝင် ဖြစ်ပြီး ဖူကူဒါအစိုးရအဖွဲ့တွင် လည်း ဆက်လက်တာဝန်ယူခဲ့ သည်။ ၂၀၀၈ တွင် စားသုံးသူ အရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ ယင်း နောက်ဖူကူဒါအစိုးရလက်ထက် မှာပင် သိပ္ပံနှင့် နည်းပညာဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။

၂၀၁၂ ဒီဇင်ဘာ ၂၆ ရက် တွင် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဖူမီယိုကီရှီဒါအား ၎င်း၏ အစိုးရ အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။

ဖူမီယိုကီရှီဒါသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသုံးဦးထွန်းကားထားသည်။
---------------------------------------
251 / End