အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့အမြင့်ဆုံးဧ၀ရတ်တောင်ထိပ်သို့ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည့်မြန်မာတောင်တက်သမားနှစ်ဦးသည်တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းထူးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။ မြန်မာတောင်တက်အဖွဲမှကိုပြည့်ဖြိုးအောင်သည်မေလ၂၁ရက် ဒေသစံတော်ချိန် ၁၁နာရီ ၂၀မိနစ် နှင့်တောင်တက်သမားကိုဝင်းကိုသည် မွန်းလွဲ၁နာရီ ၄၅မိနစ်တွင်တောင်ခြေစခန်းသို့ ချောမွေ့စွာ ရောက်ရှိလာခဲ့ပြီး၊တောင်တက်သမားနှစ်ဦးလုံးမှာကျန်းမာရေးအခြေအနေကောင်းမွန်သည်ဟုဆိုသည်။
ဓာတ်ပုံ - Myanmar Flag on Everest
=========================
251 /End