၁၆ ဩဂုတ် ၂၀၁၆ - ၁၈:၃၈
၂၁ ရာစုပင်လုံသို့ NCA လက်မှတ်မထိုးသောအဖွဲ့များပါ တက်ရောက်ခွင့်ပြု

၂၁ ရာစု ပင်လုံ ညီလာခံတွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခွင့်ပြုရန် အပါအဝင် အဓိကအချက်လေးချက်ကို UPD JC အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၁ ရာစု ပင်လုံ ညီလာခံတွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ တက်ရောက်ခွင့်ပြုရန် အပါအဝင် အဓိကအချက်လေးချက်ကို UPD JC အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UP DJC) အစည်းအဝေးကို သြဂုတ် ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ယင်းအ စည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံကို သြဂုတ် ၃၁ ရက်၌ စတင်ကျင်းပရန်၊ ညီလာခံကျင်းပ ရေးပူးတွဲကော်မတီ၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး

သဘောတူစာချုပ်(NCA)မရေးထိုးရသေးသည့်အဖွဲ့များကို နိုင်ငံရေးအရပါဝင်ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ခဲ့သည်။ ထို့အပြင် အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ‘ညီလာခံကိုယ်စားလှယ်များ’ဆို သည့်အသုံးအနှုန်းအစား ‘ညီလာခံ တက်ရောက်သူများ’ဟု ပြောင်းလဲအသုံးပြုရန် အတည်ပြုခဲ့ကြောင်း ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

 ‘‘တက်ရောက်သူများလို့ သုံးလိုက်တဲ့အတွက် ကိုယ်စား လှယ်ဆိုရင် ညှိနှိုင်းရမယ့် အခက် အခဲပေါ့။ ကိုယ်စားပြုမှုပေါ့ ရှိ တယ်။ ဒါကတော့ အဆုံးအဖြတ် တွေ ချက်ချင်း မလုပ်သေးဘဲနဲ့ ညီလာခံကို အရင်လုပ်၊ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လမ်းဖွင့်ပေး၊ နောက် NCA ရေးထိုးပြီးမှ နောက် ဆက်တွဲတွေ လုပ်နိုင်ဖို့ မျှော်လင့် ချက်နဲ့ ဒါက လုပ်တဲ့သဘောပါ’’ ဟု ဦးလှမောင်ရွှေက ဆိုသည်။

ညီလာခံ ကိုယ်စားလှယ်ဟု သုံးနှုန်းပါက NCA တွင် မပါဝင် သည့်အဖွဲ့များအပေါ် ခွဲခြားသည့် သဘော သက်ရောက်နိုင်ပြီး အား လုံး တန်းတူရှိစေလိုသည့်အတွက် ‘ညီလာခံတက်ရောက်သူများ’ဟု ပြောင်းလဲသုံးနှုန်း ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

UPDJC အစည်းအဝေးတွင် ပင်လုံညီလာခံပြီးစီးပါက အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ ဆက်လက်ပြုလုပ်ရန် ဆုံး ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် ၂၁ ရာစု ပင်လုံညီလာခံ သြဂုတ် ၃၁ ရက်မှစ၍ ငါးရက် ကြာ ပြုလုပ်ရန်နှင့် ခြောက်လတစ် ကြိမ် ညီလာခံ အစည်းအဝေး ကျင်းပရန် သဘောတူခဲ့ကြောင်း ကိုယ်စားလှယ်အချို့ ပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေး ကော်မတီတွင် NCA မရေးထိုးရသေးသည့် အဖွဲ့ များ ပါဝင်ဖွဲ့စည်းခွင့်ပေးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က တောင်းဆိုထားခြင်း ဖြစ်သည်။ ယခု UPDJC အစည်း အဝေးတွင် လက်မှတ်မရေးထိုးရ သေးသည့် အဖွဲ့များ ပါဝင်ခွင့် ပြုရန် သဘောတူခဲ့ခြင်းကြောင့် အားလုံး ပါဝင်ရေးအတွက် အလားအလာကောင်းဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

‘‘ပူးတွဲကျင်းပရေးကော်မတီ မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ပြီးရင် ညီလာခံမှာလည်း ဆက်ပြီး တော့ လက်မှတ်မရေးထိုးရသေး တဲ့ ညီနောင်တွေ တက်ရောက်ကြ မှာဖြစ်ပါတယ်’’ ဟု ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌခွန်မြင့်ထွန်းက ဆို သည်။

၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည်ဖြစ်ကြောင်း NCA မရေးထိုးရသေးသည့် ‘ဝ’၊ မိုင်းလားနှင့် နာဂအဖွဲ့တို့က ပြော ကြားထားသည်။

UPDJC အစည်းအဝေး ဒုတိယနေ့ကို သြဂုတ် ၁၆ ရက် တွင် ဆက်လက်ပြုလုပ်မည်ဖြစ် ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် အသေးစိတ် အချက်အလက်များကို ညှိနှိုင်းအတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UPDJC သည် NCA ပြဋ္ဌာန်း ချက်များအရ အစိုးရ၊ တိုင်းရင်း သား လက်နက်ကိုင်၊ နိုင်ငံရေး ပါတီ အစုအဖွဲ့များဖြင့် ဖွဲ့စည်း ထားသည့် ကော်မတီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္က ဖြစ်သည်။

===================
251 / End