အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ အမေရိကန်တွင် အသတ်ခံခဲ့ရသော အစ္စရေးသံရုံးဝန်ထမ်း Yaron Leshinsky သည် ယီမင်နိုင်ငံ၏ အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ ကို သတ်ပစ်မည်ဟု ယခင်က ခြိမ်းခြောက်ခဲ့ သူဖြစ်ပါတယ်။
ဇီယွန်ဝါဒီအရာရှိက ယီမင်မှာ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ ကို ငါလိုက်ရှာပြီး သူ့ကို ချေမှုန်းပစ်မယ် ဆိုပြီး သူ၏ X မှာ စာမျက်နှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အပြင်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Gihon Saar က ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ၏ အမည်စာရင်းကို ကြေညာခဲ့ပါတယ်။ Yaron Leshinsky နှင့် Sarah Milgram တို့သည် ယနေ့ပစ်ခတ်မှုတွင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ဆိုင်ရာ အစ္စရေးသံအမတ်ဟောင်း Mike Herzog က အသတ်ခံခဲ့ရသော အမျိုးသမီးဝန်ထမ်းမှာ အမေရိကန် မှဖြစ်ပြီး အမျိုးသားဝန်ထမ်းမှာ အစ္စရေးမှဖြစ်ကြောင်း "ကြည်းတပ် ရေဒီယို" သို့ ပြောကြားခဲ့ ပါတယ်။
.......................................................
END / 251
Your Comment