အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshihiro Iwaya နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုရာတွင် အီရန်၏ ယူရေနီယံ သန့်စင်မှုအပါအဝင် ငြိမ်းချမ်းသော နျူကလီးယားနည်းပညာဆိုင်ရာ အခွင့်အရေးကို အလေး ပေး ပြောကြားခဲ့ပါတယ်။
IAEA အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့တွင် အီရန်အပေါ် သိမ်ဖျင်းပြီး အဖျက်သဘောဆောင်သည့် ဆုံးဖြတ်ချက် မှန်သမျှကို အီရန်က သင့်လျော်သလို တုံ့ပြန်မည်ဖြစ်ကြောင်း၊ IAEA ကို နိုင်ငံရေးနည်းဗျူဟာအဖြစ် အသုံးပြု သော ပါတီများအပေါ် ၎င်း၏အကျိုးဆက်များအတွက် တာဝန်ရှိ ကြောင်း အစ္စလာမ်မစ်သမ္မတနိုင်ငံသည် အစ္စလာမ့် သွန်သင်ချက်များကိုအခြေခံ၍ နျူလက်နက်များဆီသို့ ရွေ့လျားမည်မဟုတ်သော်လည်း အီရန်နိုင်ငံ ပိုင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုဆီသို့ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။
ဤစကားဝိုင်းတွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးက အီရန်နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်သော ဆွေးနွေးပွဲကို ကြိုဆိုခဲ့ပြီး အီရန်၏ ငြိမ်းချမ်းသော နျူကလီးယားစွမ်းအင်ဆိုင်ရာ တရားဝင်အခွင့်အရေးကို အလေး ပေးပြော ကြား ခဲ့ပါတယ်။
.......................................................
END / 251
Your Comment