၁၃ ဇွန် ၂၀၂၅ - ၀၅:၁၈
IAEA ၏ ဘက်လိုက်သည့် ဆုံးဖြတ်ချက် အပေါ် အီရန် ၏ အဖြေမှာ ပြင်းထန်မည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ  ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က IAEA အုပ်ချုပ် ရေးမှူးများ ဘုတ်အဖွဲ့မှ အီရန်အပေါ် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန၏ အစီရင်ခံစာ အရ ခေတ်မီဗဟိုပြုစက်များ၊ သန့်စင်ရေးစင်တာအသစ်များ စတင်ခြင်းနှင့် အီရန်နျူကလီးယားအစီအစဉ်အား ကန့်သတ်စစ်ဆေးခြင်းများသည် IAEA ၏ ကတိကိုချိုးဖောက်ခြင်းအတွက် တရား၀င်တုံ့ပြန်ခြင်းဖြစ်သည်ဟု အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ  မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က မိမိ ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပါတယ်။

ဆက်လက်ပြီး မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် မိမိတို့ အတွက် ဆန်ကျင့် ဖက် ကို ဆုံးဖြတ်မှုကိုသာ ဖြစ်စေခဲ့ကြောင်း တစ်နည်းအား ဖြင့် IAEA ၏ ဘက်လိုက်  ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မိမိတို့ ၏ တုံ့ပြန်မှုသည် အလွန်ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ  ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ကပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha