၁၃ ဇွန် ၂၀၂၅ - ၂၁:၂၆
စကားတစ်ခုခုအား သေချာစိတ်ချရသည့်အထိ မသိဘဲထိုစကားကို အခြားသူများကို မပြောပါနှင့်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် စကားတစ်ခုခုအား သေချာစိတ်ချရသည့်အထိ မသိဘဲထိုစကားကို အခြားသူများကို မပြောပါနှင့် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

 

لا تُحَدِّثِ النَّاسَ بِكُلِّ مَا سَمِعتَ بِهِ، فَكَفَى بِذلِكَ كَذِبًا.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  သင်ကြားသမျှကို အဖြစ်မှန်အဖြစ် လူအများအား မပြောပါနှင့်။ အကြောင်းမှာ ယင်းတစ်ခုတည်းက သင့်အား လူလိမ်ဖြစ်ကြောင်း သက်သေပြရန် လုံလောက်မည်ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ ဟေက်မသ် အမှတ်တော် ၆၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် စကားတစ်ခုခု သတင်း တစ်ခုခု အား သေသေချာချာ မသိဘဲ အခြားသူများကို မပြောပြသင့်ကြောင်း မှတ်သားရမည် ဖြစ်ပါ တယ်။ယနေ့ အများစုသည် ကြားသမျှ သတင်း ၊ ကြားသမျှ စကားကို သေချာ မစိစစ်ဘဲ အခြားသူများ ကို ဖောက်သည် ချ လေ့ ရှိပါတယ်။ ဤလုပ်ရပ်မျိုးကို ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha