၁၃ ဇွန် ၂၀၂၅ - ၀၈:၄၈
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ အီရန် ပြည်သူ လူထုအား မိန့်ခွန်းသဝဏ်လွှာ မိန့်ကြား

ယနေ့ နံနက်အရုဏ်တက်ချိန်တွင် တီဟီရန်မြို့နှင့် အီရန်ရှိ အခြားမြို့ကြီးများကို အကြမ်းဖက်အစ္စရေးတို့က တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများတွင် အီရန် တပ်မတော် အကြီးအကဲများနှင့် သိပ္ပံ ပညာရှင် အများအပြား ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ ဒီအခါသမယမှာ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က အီရန်နိုင်ငံ ကို အလွန်အရေးကြီးတဲ့ သတင်း စကား မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  က အီရန်နိုင်ငံ ကို အလွန်အရေးကြီးတဲ့ သတင်း စကား အား အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။

အိုမဟာလူမျိုးကြီး အီရန် ပြည်သူအပေါင်းတို့ ...

ဇီယွန်ဝါဒီအစိုးရသည် ယနေ့အရုဏ်တက်ချိန်တွင် ကျွန်ုပ်တို့၏ချစ်လှစွာသောနိုင်ငံ၌ ညစ်ညမ်းသောလက်များဖြင့် ကျူးလွန်ခဲ့ပြီး လူနေရပ်ကွက်များကို ပစ်မှတ်ထားခြင်းဖြင့် မိမိ ၏ဆိုးညစ်သောသဘောသဘာဝကို ယခင်က ထက် ပိုမိုထင်ရှားစေခဲ့ပါတယ်။ ဤအစိုးရသည် ပြင်းထန်သော ပြစ်ဒဏ်ကို စောင့်မျှော်နေပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံတော်၏ အင်အားကြီးသော လက်နက်ကိုင်တပ်ဖွဲ့များ သည် အင်န်ရှာအလ္လာဟ်  ၎င်းတို့ကို အလွတ်ပေးမည် မဟုတ်ချေ။

အချို့သော ဗိုလ်ချုပ် များနှင့် သိပ္ပံပညာရှင်များသည် ရန်သူများ၏ တိုက်ခိုက်မှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ ၎င်းတို့ ၏ အစားနေရာ လာမည့်သူများ နှင့် လုပ်ဖော်ကိုင်ဖက်များသည် အင်န်ရှာအလ္လာဟ် မိမိတို့၏ သမိုင်းပေး တာဝန်များကို မနှောင့်နှေးဘဲ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် ဤရာဇ၀တ်မှုမှတစ်ဆင့် ခါးသီးပြီး နာကျင်ဖွယ်အဆုံးသတ်ဆီသို့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ပြီး  သေချာပေါက် ဤရာဇဝတ် မှု ၏ အရသာ (ရလဒ် ) ကို ရရှိမှာ ဖြစ်ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha