အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် စံတော်ချိန် ညနေခင်း ၆ နာရီခန့် က ဘူရှဲဟ် ပြည်နယ်တောင်ပိုင်းရှိ LPG သိုလှောင်ရုံများနှင့် ဆက်စပ်နေသည့် ကန်ကာန် ရေနံချက်စက်ရုံ၏ အဆင့် ၁၄ နှင့် Jam Gas သန့်စင်စက်ရုံ၏ အဆင့် ၁၄ အား အကြမ်းဖက် အစ္စရေး မှ မိုက်ခရိုဒရုန်းများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဤတိုက်ခိုက်မှု ကြောင့် ဖြစ်ပွားလာသည့် မီးလောင်မှုကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့ပြီး အရေးကြီးသော စင်တာများ ပေါက်ကွဲခြင်းကို တားဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
Kangan Petrochemical Plant ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ရေးဒရုန်းကို ပစ်မှတ်ထား သော်လည်း ပေါက်ကွဲစေတတ်သောပစ္စည်းများပါရှိသော ၎င်း၏အပျက်အစီးများကို ရေနံဓာတုစက်ရုံတွင် တွေ့ ရှိခဲ့ ပါတယ်။
အဆိုပါ တိုက်ခိုက်မှုသည် ဒရုန်းနှင့်တူသော ငှက်တစ်ကောင်၏ လက်ချက်ဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ် များနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့ပါတယ်။
အီရန် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များသည် အခြေအနေကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့ပြီး စိုးရိမ်စရာ မလိုကြောင်း သိရပါတယ်။
.......................................................
END / 251
Your Comment