အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahartv အစီရင်ခံစာ အရ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) မကြာသေးမီကပင် မိမိ ၏ လေတပ်သည် ယခင်ကထက် ပိုမိုအားကောင်းပြီး တိကျသည့် အစ္စရေးကို တိုက်ခိုက်သည့် စစ်ဆင်ရေးအသစ်ကို စတင်ခဲ့ကြောင်း အီရန်နိုင်ငံ ၏ ရဲရင့်သည့် ပြည်သူများအား အသိပေးကြောင်း ကြေညာခဲ့ပါတယ်။
ဤတိုက်ခိုက်မှုသည် အစ္စရေး၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ်အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ရှဟီးဒ် ဘာကဲရ်ရီ ၊ ရှဟီးဒ် စလာမ်မီ ၊ ရှဟီးဒ် ဟာဂျီ ဇါဒဟ် နှင့် အခြားရှဟီးဒ်များ ( အာဇာနည်များ ) ၏ လမ်းညွှန်မှု အောက်တွင် တီထွင်ထားသော နည်းပညာ နှင့် ကာကွယ်ရေး စွမ်းအားများ၏ အကူအညီဖြင့် ဤစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ အစ္စရေးရဲ့ ကာကွယ်ရေးစနစ် ပြတ်တောက်သွားပြီး သူတို့ရဲ့ ကာကွယ် ရေးစနစ်တွေက အချင်းချင်း ပစ်မှတ်ထားလာပါတော့တယ်။
အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများထံမှ နောက်ဆုံးပေါ်နည်းပညာနှင့် စစ်ရေးအကူအညီများ ပေးနေသည့်တိုင် အီရန်ဒုံးကျည်များသည် အစ္စရေးရှိ ၎င်းတို့၏ ပစ်မှတ်များကို အောင်မြင်စွာထိမှန်သည့် မဟာ ဗျူဟာနှင့် နည်းပညာအသစ်များကို ဤစစ်ဆင်ရေးတွင် အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
ယနေ့တွင် ရှဟီးဒ် ဘာကဲရ်ရီ ၊ ရှဟီးဒ် စလာမ်မီ ၊ ရှဟီးဒ် ဟာဂျီ ဇါဒဟ် တို့၏ ကတိကဝတ်များ ပြည့်စုံနေပြီဖြစ်ပြီး လာမည့်တိုက်ခိုက်မှုများသည် ယခင်ကာလများထက် ပိုမိုပြင်းထန်၊ အဖျက်စွမ်းအားနှင့် တိကျမည်ဟု အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တို့က ပြောကြားထားပါတယ်။
အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်နှင့်ပတ်သက်သည့် တွေးခေါ်မှုနှင့် တွက်ချက်မှုများသည် လုံးဝမှားယွင်း ကြောင်း သက်သေပြခဲ့ပြီး ယခုအခါ ဇီယွန်ဝါဒီအစိုးရ ပြိုလဲရန်အချိန်ကျရောက်လာပြီဖြစ်ပါတယ်။
ဒီသူများမြေကို ကျူးကျော်ထားသည့် အာဏာရှင် အတုအယောင်(အစ္စရေး) လုံးလုံးလျားလျား မပျက်စီးမချင်း အီရန်၏ ပြင်းထန်သည့် တိုက်ခိုက်မှုများဟာ ဆက်ရှိနေဦးမှာ ဖြစ်တာကို အစ္စရေး၏ထောက်ခံသူများ လည်း သိထားရမည် ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) တို့က ပြောကြားထားပါတယ်။
.......................................................
END / 251
Your Comment