၁၉ ဇွန် ၂၀၂၅ - ၁၅:၁၂
အီရန်နိုင်ငံခြားရေးဝန်ကြီး က အနောက်မီဒီယာများ၏ ပြောဆိုမှု သည် မှားကြောင်း ပြောကြား

အီရန်စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ အိုမန်နိုင်ငံသို့ ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ အနောက် မီဒီယာများ ၏ တင်ပြချက် မှ မဟုတ်မမှန် သတင်း သာ ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အနောက်မီဒီယာများ၏ သတင်းကို မဟုတ်မမှန်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ အီရန်စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် Muscat သို့ ထွက်ခွာသွားပြီဟု ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။

အီရန်သည် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့များကို အိုမန်သို့ စေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက်တွင် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ  စေလွတ်ခဲ့တာမဟုတ်ကြောင်း Al Jazeera သတင်း ဌာန ကို ပြောကြား ခဲ့ပါတယ်။

ကျွန်ုပ်၏ဦးဆောင်မှုအောက်တွင် မည်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့မှ တီဟီရန်မှ ထွက်ခွာသွားခြင်းမရှိကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အစောပိုင်းက ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်က ဆွေးနွေးပွဲအတွက် အိမ်ဖြူတော် ကိုယ်စားလှယ်အဖွဲ့ စေလွတ်ရန် အီရန်၏ တောင်းဆိုမှုသည် အခြေအမြစ်မရှိကြောင်း အိမ်ဖြူတော်သို့ မည်သည့် အီရန်အရာရှိမှ လာရောက်တွေ့ဆုံပြီး ဆွေးနွေးလိုသည့် ဆန္ဒကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

မည်သည့်ဖိအားအောက်တွင်မဆို ဆွေးနွေးညှိနှိုင်းမည်မဟုတ်ကြောင်း အီရန်ကိုယ်စားလှယ်ဖြစ်သည့် အီရန် နိုင်ငံခြား ရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha