အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချစ်ခင်လေးစားရသည့် မြန်မာရှီအဟ်ဘာသာဝင်သူတော်စင်အပေါင်းတို့ ...
ကျနော်တို့ အနေဖြင့် အသေအချာရှီအဟ်လောကကိုလေ့လာစိစစ်သုံးသပ်ရင် ရှီအဟ် ၅ မျိုး ကိုတွေ့ရပါလိမ့်မယ်။
ဒါကြောင့်ကျနော်တို့ ဘယ်အမျိုးအစားထဲပါနေသည်ဆိုတာကိုချိန်းကိုက်ဖို့လိုပါတယ်။
အကယ်၍ပြုပြင်သင့်ပါက အလ္လာဟ်အမည်တော်ကိုတပြီးပြုပြင်ကြတာပေါ့ခင်ဗျား။
(၁) မြေပုံအရရှီအဟ်
ရှီအဟ် အများစုရှိသည်နိုင်ငံ (သို့) ရှီအဟ် နိုင်ငံ၌မွေးဖွားခဲ့သဖြင့်အများစု (သို့) တနိုင်ငံလုံးရှီအဟ်ဖြစ် နေသဖြင့်မိမိပါရှီအဟ်လုပ်ပြီးနေ၊နေသူ
(၂)အမွေခံရှီအဟ်
မိမိအဖိုး၊အဖွား၊အဖေ၊အမေရှီအဟ်မလို၊မိမိပါရှီအဟ်လုပ်နေသူ
(၃) အမည်ခံရှီအဟ်
နှုတ်ကရှီအဟ်၊ရှီအဟ်လိုကြေငြာနေသော်လည်းလက်တွေ့၌((သုည))၊အပြောနှင့်အဟောမညီသူ
(၄) အပေါ်ယံကျောရှီအဟ်
နှုတ်ကရှီအဟ်ဟုကြေငြာသော်လည်းလက်တွေ့လည်းအကောင်အထည်ဖော်သူ၊သို့သော်
၉၀% မှ ၁၀၀%အထိမဟုတ်၊ဥပမာ အဇါဒါရီလုပ်သည်။မဟော်ရမ်၌မာသမ်လုပ်သည်။အဝတ်အမဲဝတ်သည်။ အလံထုတ်ရင်လိုက်သည်။မယသ်လိုက်ပို့သည်။မဂျလစ်လုပ်သည်။စသည်ဖြင့်သို့သော် နမာဇ်မရှိ၊ရိုဇဟ်ထားလိုက်၊မထားလိုက်၊ခွမ်းစ်ဝေးသေး၊စသည်ဖြင့်လုပ်သူ
(၅)ရှီအဟ်အစစ်
အလ္လာဟ်ဟိုအရှင်မြတ်နှင်ရစူလ်(ဆွ)၊အာလေရစူလ်(အ.စ)ကိုနားလည်သူ(သို့)နားလည်
အောင်ကြိုးစားသူ၊၎င်းတို့ညွှန်ကြားချက်အရရှီအဟ်တစ်ယောက်အတွင်းရှိကိုရှိထားရမည့်၊မရှိမဖြစ် ရှိရမည့်အရည်းအချင်းလက္ခာဏာရပ်များကိုမိမိ၌ကိန်းအောင်လာအောင်၊ဖြစ်ပေါ်လာအောင်၊ နေ့ညအဆက်မပြတ်ကြိုးစားနေသူ
ကျနော်တို့အားလုံးအင်န်ရှာအလ္လာဟ်နံပါတ် ၅ အုပ်စု၌သာပါဝင်ပါစေ။
လူတွေပြောသည့် သတ်မှတ်သည့် ရှီအဟ် ဖြစ်ဖို့ထက် မအ်စူမ်မီးန် (အ.စ) ပြောသည့် သတ်မှတ်သည့် ရှီအဟ် ဖြစ်အောင် ကြိုးပမ်း ရမည် ဖြစ်ပါတယ်။ မအ်စူမ်မီးန် (အ.စ) ပြောသည့် သတ်မှတ်သည့် ရှီအဟ် အရည်အသွေးများ လက္ခဏာ များကို လည်း ကျမ်းကြီးကျမ်းငယ်များ မှာ အိုလမာယေ ရဗ်ဗာနီ မှ ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်။ လက်ရှိ ခေတ်မှာ လည်း အိုလမာယေ ရဗ်ဗာနီ မှ ရေးသား ခြင်း ဟောပြောခြင်း များကို ပြုလုပ်နေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment