၁ ဇူလိုင် ၂၀၂၅ - ၀၉:၂၆
ထရမ့် နှင့် ဇီယွန်နစ် အစိုးရ နှင့် ပတ်သက်၍ အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ၏ ဖသ်ဝါ

အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး သည် မကြာသေးမီ ရက်ပိုင်းအတွင်းက အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် (ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ) နှင့်မရ်ဂျအ်တော် တို့အား အမေရိကန် သမ္မတ ထရမ့် နှင့် ဇီယွန် အစိုးရ တို့၏ လုပ်ကြံ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု ကို တုံ့ပြန်သည့် အနေဖြင့် ပြတ်ပြတ် သားသား ဖသ်ဝါ ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အစီရင်ခံစာအရ အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး သည် မကြာသေးမီ ရက်ပိုင်းအတွင်းက အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင် (ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ) နှင့် မရ်ဂျအ်တော် တို့အား အမေရိကန် သမ္မတ ထရမ့် နှင့် ဇီယွန် အစိုးရ တို့၏ လုပ်ကြံ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု ကို တုံ့ပြန်သည့် အနေဖြင့် ပြတ်ပြတ် သားသား ဖသ်ဝါ ထုတ်ပြန်ခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး မှ အကြင်မည်သူမဆို မည်သည့် အစိုးရ မဆို မွတ်စလင်မ် အွန်မသ် နှင့် မွတ်စလင်မ်အွန်မသ် ၏  ‌ခေါင်းဆောင်မှု၊ ဦးဆောင်မှု အား ထိခိုက် စေလို သည့် ရည်ရွယ်ချက်ဖြင့် ရဲဟ်ဗရ် မိုအ်ဇန်းမ် (အာယာသွလ္လာဟ်ဆယက်ဒ်အလီ ခါမေနာအီ)  အားသို့မဟုတ် မရ်ဂျီအီယသ် ကို ခြိမ်းခြောက် မည်သို့မဟုတ် ( မပြောကောင်း မဆိုကောင်း )  ၎င်းတို့ကို တိုက်ခိုက်မည် ဆိုလျင် ၎င်းတို့ သည် မိုဟာရေဗ် ဆိုလိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) နှင့် စစ်တိုက်သူများ ဖြစ်ကြောင်း (ရှရီအီ ) အမိန့် လာရှိ ကြောင်း မိန့်ကြားခဲ့ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး မှဆက်လက်ပြီး ဤကဲ့သို့သော် မည်သည့် ရန်သူအစိုး နှင့်ဖြစ်စေ သို့မဟုတ် ပုဂ္ဂိုလ်အား ဖြစ်စေ ကူညီပံ့ပိုးခြင်း ၊ ထောက်ခံပေးခြင်း သို့မဟုတ် (၎င်းတို့၏ လုပ်ရပ်အပေါ်) နှုတ်ဆိတ် နေခြင်း ပြုခြင်းသည် ရှရအီ တရားတော် အရ ဟရာမ် ဖြစ် ကြောင်း ထို ထောက်ခံအားပေးကူညီမှုသည် သာမန် မွတ်စလင်မ် များ ဘက်မှ ဖြစ်စေ မွတ်စလင်မ် အစိုးဘက် မှ ဖြစ်စေ ဟရာမ် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါသည်။

ထပ်လောင်းပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး မှ မွတ်စလင်မ် လူထုတစ်ရပ်လုံးအား ဤရန်သူများကို ၎င်းတို့၏အမှားများ အပေါ် နောင်တဖြစ်လာစေရန်အတွက် ပြုလုပ်ရန်  မွတ်စ်လင်မ်တို့၌ ဝါဂျစ်ဗ် (မပြုမနေရ) တာဝန်ရှိပြီး ဤလမ်းစဉ်တွင် အခက်အခဲ သို့မဟုတ် ဆုံးရှုံးမှုတစ်ခုခုကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ရ ပါက ဤအတွက်  အင်န်ရှာအလ္လာဟ် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ကြိုးပမ်းသည့် မိုဂျာဟစ်ဒ် တစ်ဦး၏ ဆဝါးဗ် ကို ရှိမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

မရ်ဂျအ်သက္က်လီးဒ် ဟဇရသ် အာယာသွလ္လာဟ် မကာရေမို ရှီးရာဇီး မှ မိမိ ၏ ဒိုအာ တွင် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ရှိသမျှ အိုလမာ ရဗ်ဗာနီ အားလုံး ၊ မရ်ဂျအ်တော်များ အားလုံး နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ကို ဟဇရသ် ဝလီယေအဆ်ရ် (အ.ဂျ) ၏ အရိပ်တော် အောက်တွင် ထိန်းသိမ်းစောက်ရှောက်တော်မူရန် သာသနာ့ ရန်သူများ ၏ အန္တရာယ် (အသွယ်သွယ်) မှ ကင်းဝေးစွာ ထားတော် မူရန် ဒိုအာ ပြုခဲ့ပါသည်။

ထရမ့် နှင့် ဇီယွန်နစ် အစိုးရ နှင့် ပတ်သက်၍ အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ၏ ဖသ်ဝါ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha