အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏အစီရင်ခံစာ အရ National Emirates မဂ္ဂဇင်းတွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ခုတွင် ဆော်ဒီအိမ်ရှေ့ မင်းသား သရ်ကီအလ်ဖိုင်ဆိုင်လ် က အစ္စရေးသည် ဒါဇင်နှင့်ချီသော နျူကလီးယားဗုံးများကို တည်ဆောက်ခဲ့ပြီး နျူကလီးယားမပြန့်ပွားရေးစာချုပ် (NPT) တွင် ပါဝင်ခဲ့ဖူးသလို၊ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စီရင်ပိုင်ခွင့်ကို လက်ခံခြင်း သို့မဟုတ် ၎င်း၏ လျှို့ဝှက်နျူကလီးယား ဆိုင်ရာ စက်ရုံများကို စစ်ဆေးကြည့်ရှုခြင်းကိုလည်း ခွင့်မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်း၏ ဆောင်းပါးတွင် ဆော်ဒီအိမ်ရှေ့ မင်းသား နှင့် ဒီထောက်လှမ်းရေးအကြီးအကဲဟောင်း ဖြစ်သူ သရ်ကီအလ်ဖိုင်ဆိုင်လ် က အစ္စရေး၏ တစ်ဖက်သတ် တိုက်ခိုက်မှုကြောင့် အစ္စရေး၏ ဖျက်ဆီးမှုနှင့် ပတ်သက်၍ အီရန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး အစ္စရေး၏ တစ်ဖက်သတ် တိုက်ခိုက်မှုကို အကြောင်းပြသူများသည် ၁၉၉၆ ခုနှစ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကတည်းက အီရန်အစိုးရကို ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ဘင်ဂျမင် နေတန်ယာဟု ၏ ပြောကြားချက်များကို လုံးဝလျစ်လျူရှုကြောင်း ရေးသားခဲ့ပါတယ်။
ဆော်ဒီ ထောက်လှမ်းရေး အကြီးအကဲဟောင်းက အီရန်၏ ခြိမ်းခြောက်မှုများသည် အစ္စရေး အတွက် ဆိုးရွားသော အကျိုးဆက်များ ရှိကြောင်း၊ အနောက်နိုင်ငံများက အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုအတွက် အရေခြုံ ထောက်ခံမှု ဆက်လက် ပြသရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment