အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏မြေးတော် ၊ စွန်နီများ ၏ အေမာမ် လေးပါး မှ တစ်ပါး ဖြစ်သည့် အေမာမ် အဘူဟနီဖွာ ၏ ဆရာ ဖြစ်သည် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ရီဝါယသ်တော် တစ်ပါး ကို တင်ပြပါမယ်။
ရီဝါယသ် တော် တစ်ခုတွင် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) မိန့်တော်မူ၏။
ان آل امیة علیهم لعنة الله ومن اعانهم علی قتل الحسین من اهل الشام، نذروا نذرا ان قتل الحسین (علیهالسّلام) وسلم من خرج الی الحسین (علیهالسّلام) وصارت الخلافة فی آل ابی سفیان، ان یتخذوا ذلک الیوم عیدا لهم، وان یصوموا فیه شکرا.
« ဗနီအိုမိုင်ယဟ် (လ.န) နှင့် ဆီးရီးယားနိုင်ငံသားများမှ အေမာမ် ဟိုစိုင်းန် (အ) သတ်ဖြတ်ခံရခြင်းကို စော်ကား သူများ မှ အဓိဋ္ဌာန် ခဲ့ကြပါသည်။ အကယ်၍ ဟိုစိုင်းန် အသတ်ခံခဲ့ရမည် ဆိုလျင် ... ခေလာဖသ် ရာထူး သည် အဗူစိုဖီယာန် ၏ မိသားစုမျိုးနွယ် များသာ ရရှိမည် ဆိုလျင် အာရှုရာနေ့ ကို မိမိတို့အတွက် အီးဒ်နေ့ အဖြစ် သတ်မှတ်ပါမည်။ပြီးနောက် ထိုနေ့ကို ကျေးဇူးတင်သည့်အနေဖြင့် ရိုဇဟ်ထား ပါမည်။ »
ကျမ်းကိုး ။ ။ طوسی، محمد بن حسن، امالی، ص۶۶۷، رقم ۱۳۹۷/ ۴.
အနှုစ်ချုပ် ရလာဒ်
ဤအတွက်ကြောင့် အာရှုနေ့ ရိုဇဟ်ထားသူများ သည် ဗနီအိုမိုင်ယဟ် (လ.န) မျိုးနွယ်ဝင် ၊ ယဇီးဒ် (လ.န) မျိုးနွယ် ဝင် နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) အား စော်ကားသူများသာဖြစ်ပေမည်။ ကိုယ်တော်မြတ် (ဆွ) ၏ နောက်လိုက် နောက်သားတော့ မဖြစ်နိုင်ချေ။ ဤအတွက်ကြောင့် ရိုဇဟ် မထားမိကြစေရန် အထူးသတိပြုရမည် ဖြစ်ပါတယ်။ ဤနေ့ တွင် ရိုဇဟ် မထားဘဲ အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် အေမာမ် ၏ အိမ်သားများ သာဝကတော်များ ၊ အခြား အေမာမ် ၏ အိမ်တော်ဝင် အမျိုးသမီးများကလေးငယ်များ အစာရေစာ ဖြတ်တောက်ခံထားရပြီး အသတ်ဖြတ်ခံ အရက်စက်ခံရမှုကို အောက်မေ့၍ ဖါကဟ် ထားသင့်ပါတယ်။ ဆိုလိုသည် မှာ မနက်ကတည်းက ဘာမျှ မစားသောက်ဘဲ အဆ်ရ်အချိန်ရောက်မှ စားသောက်ခြင်းကို ပြုခြင်း ဖြစ်ပါတယ်။ ပြီးနောက် အာရှုရာနေ့ ပျော်ခြင်း အဝတ်ကောင်း အစားကောင်းဝတ်ခြင်း၊ အစားကောင်းအသောက်ကောင်း၍စားကြခြင်း ချက်ကြခြင်း သည် တမန်တော် မြတ်(ဆွ) ကိုချစ်သူများတော့ မဖြစ်နိုင်ချေ။ အကြောင်းမှာ မိမိ အိမ်က တစ်ဦးတစ်ယောက် အသတ်ခံရလျင် အခုလို လုပ်ကြမည် မဟုတ်ချေ။ ဤအတွက်ကြောင့် ကိုယ်တော်မြတ် (ဆွ) ၏ မြေးတော် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အိမ်တော်သူအိမ်တော်သားများ ၊ အေမာမ် ၏ သာဝကတော် များ ရက်ရက်စက်စက် အသတ်ခံရချိန် ၊ အနှိမ်စက် ခံရခြင်း အာရှုရာနေ့ ပျော်ခြင်း အဝတ်ကောင်း အစားကောင်း ဝတ်ခြင်း၊ အစား ကောင်း အသောက်ကောင်း၍စားကြခြင်း ချက်ကြခြင်းသည် ယဇီးဒ် (လ.န) ၏နောက်လိုက် များသာ လုပ်ရဲကြ ပေမည်။ ရိုဇဟ်လည်း လိမ်ညာပြီး ထားခိုင်းကြခြင်း ဖြစ်ပါတယ်။ အကြောင်း မှာ အာရှုရာနေ့ ရိုဇဟ် ထားရမည်ဆိုလျင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အရင် စထားကြမည် ဖြစ်ပါတယ်။ ကိုယ်တော်မြတ် (ဆွ) ၏ မြေးတော် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရက်ရက် စက်စက် အသတ်ခံရသည့်နေ ပျော်ခြင်း အဝတ်ကောင်း အစားကောင်းဝတ်ခြင်း၊ အစားကောင်း အသောက် ကောင်း၍စားကြခြင်း ချက်ကြခြင်း တို့ကို ပြုကြသူများသည် ကိုယ်တော်ကိုမည်သိူ့ မျက်နှာပြကြမည်နည်း?
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment