အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လခြမ်းနီ (ကြက်ခြေနီ ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မွတ်ဂျ်သဗာ ခါလစ်ဒ်ဒီ မှ IRNA ၏ ပြောကြားချက်အရ လခြမ်းနီ အဖွဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းများကို သိမ်းပိုက်ထားသော ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုစတင်ချိန်မှ ဇွန်လ ၁၃ ရက် သောကြာနေ့တွင် စတင်ခဲ့ပြီး ရန်လိုမှုရပ်တန့်ကာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည်အထိ လုပ်ဆောင်သွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော် လခြမ်းနီကယ်ဆယ်ရေး လုပ်သားများ၏ လုပ်ငန်းမှာ မပြီးသေးကြောင်း မွတ်ဂျ်သဗာ ခါလစ်ဒ်ဒီ က ပြော ပါတယ်။
မွတ်ဂျ်သဗာ ခါလစ်ဒ်ဒီ က ယမန်နှစ်တွင် လုပ်ငန်းလည်ပတ်မှုအစီအစဉ်တွင် လခြမ်းနီအဖွဲ့သည် စေတနာ့ဝန်ထမ်း ကူညီရေးလုပ်သား ၇၀၀၀၀ လိုအပ်ကြောင်း တွေ့ရှိခဲ့ရပြီး ထိုအချိန်မှစပြီး ထောက်ပံ့ရေးလုပ်သားများကို လေ့ကျင့် သင်ကြားပေးမှုများ စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
လခြမ်းနီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ၁၂ ရက်ကြာ စစ်ပွဲအတွင်း လခြမ်းနီ ကယ်ဆယ်ရေး လုပ်သား ၈၉၀၈ ဦးသည် စစ်ဆင်ရေးဇုန် ၅၁၂ တွင် စုစုပေါင်း ကယ်ဆယ်ရေး လုပ်ငန်းပေါင်း ၂၁၁၅ ခု လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်သား ၅ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
လခြမ်းနီနှင့် ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူအဖွဲ့ ၁၃၅ ဖွဲ့သည် ၁၂ ရက်ကြာ ဇီယွန်ဝါဒီတို့၏ ရန်လိုမှုအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း မွတ်ဂျ်သဗာ ခါလစ်ဒ်ဒီ က ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment