အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဤ ၁၂ရက်တာ အီရန် အစ္စရေး စစ်ပွဲ အတွင်း အစ္စရေး အကြမ်းဖက်တို့၏ ဆုံးသွားရသည့် စာရင်း မှတ်တမ်းကို ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။
၁။ ရွေ့ပြောင်းနေထိုင်ရန် အစ္စရေး လူထု နှစ်သန်းသည် အစ္စရေးမှ ထွက်ပြေးခဲ့ကြပါတယ်။
၂။ အစ္စရေးစစ်တပ် နှင့် အခြေခံအဆောက်အအုံများ အားလုံး ပျက်စီး သွားခဲ့ပါတယ်။
၃။ အစ္စရေး ဝဘ်ဆိုဒ် "Hess" သည် ဟက်ခ်ခံရပြီး အောက်ဖော်ပြပါအတိုင်း လူများ ၏ သေဆုံးမှုကို ဖော်ပြခဲ့ ပါတယ်။
အကြီးတန်း စစ်ဗိုလ်ချုပ်ကြီး ၆ ဦး
မော့ဆက်အရာရှိ ၃၂ ဦး
ရှမ်ပသ် အရာရှိ၇၈ ဦး
ရေတပ်အရာရှိ ၂၇ ဦး
လေတပ် အရာရှိ ၁၉၈ ဦး
စစ်သည် ၄၆၂
အရပ်သား ၄၂၃ တို့ ဖြစ်ပါတယ်။
၄။ အစ္စရေးကြားဖြတ်ဒုံးကျည်များ အတွက် ဒေါ်လာ ၁၁ ဘီလီယံအထိ သုံးခဲ့ပါတယ်။
၅။ ဒါ့ပြင် အစ္စရေးရဲ့ သုံးပုံတစ်ပုံရဲ့ လုံးဝပျက်စီးခြင်းကို မမေ့သင့်ပါဘူး။
၆။ လမ်းမများ အဝေးပြေးကားလမ်းများ ကဟာ အခုချိန် ထိ အပျက်အစီးတွေ အပြည့် နှင့် ရှိနေပါတယ်။
၇။ အစ္စရေးသည် အစကတည်းက မမျှော်လင့်ထားခဲ့သော တကယ့်ဘေးဒုက္ခနှင့် ရင်ဆိုင်နေရပါတယ်။
၈။ ဆိပ်ကမ်းများ လုံးဝနီးပါး ပျက်စီးသွားပါတယ်။
၉။ ဝန်ဆောင်မှုများ မရှိသေးပါ။
၁၀။ ဓာတ်ဆီ နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပျက်စီးပြီးနောက် ဝန်ဆောင်မှု ပျက်သွားတာ ဖြစ်ပါတယ်။
၁၁။ပျက်စီးမှုများ ကို တီဗီဖန်သားပြင်များနှင့် ဂြိုလ်တုချန်နယ်များတွင် ပြသခြင်းမရှိပါ။ သို့သော်လည်း လုံးဝနီး ပါး ပျက်စီး သွားပြီး ဖြစ်ပါတယ်။
၁၂။အရေးကြီးနေရာများ၊ လေဆိပ်များနှင့် အခြားနေရာများကို ဖျက်ဆီးသွားပြီး ဖြစ်ပါတယ် ။ အစ္စရေးနိုင်ငံသည် ပြန်လည်တည်ဆောက်၍မရသည့် ပြင်းထန်သော ထိုးနှက်ချက်ဒဏ်ကို ခံစားခဲ့ရပြီး ပြန်လည်တည်ဆောက်ရန် သုံးနှစ်မှ လေးနှစ်ကြာမည်ဖြစ်ပါတယ်။
၁၃။ လက်ရှိ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ သုံးထရီလျံဖြစ်ပါတယ်။
၁၄။ နေတန်ယာဟုက အီရန်ကို အပြေးအလွှား တိုက်ခိုက်ခဲ့ပေမယ့် သူ့ရဲ့တိုက်ခိုက်မှုက သူလိုချင်တဲ့ အောင်မြင်မှု မရခဲ့ ပါဘူး။ အီရန်နျူကလီးယားဓာတ်ပေါင်းဖိုကို ထိခိုက်မှုမရှိခဲ့ပါ။
၁၅။ အီရန်အစိုးရသည် ပြိုလဲမသွားခဲ့ပါ။ နေတန်ယာဟုသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အဆုံးသတ်ရေးအိပ်မက်ကို အကောင်အထည်ဖေါ်ရန် ဒေါ်လာထရီလျံနှင့်ချီကာ ပေးဆောင်ခဲ့သော ပင်လယ် ကွေ့နိုင်ငံများအတွက် မိမိ ၏ကတိများကို မဖြည့်ဆည်းခဲ့နိုင်ပါ။
၁၆။ ဒီတိုက်ခိုက်မှုအပြီးမှာ အီရန်ဟာ ပိုမိုအားကောင်းလာပြီး အင်အားပြန်လည်ရရှိမှာ သေချာပါတယ်။
၁၇။ အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများ၊ ဥရောပနှင့် အမေရိကန်တို့က အီရန်သည် ဤမျှ အားကောင်းပြီး ခံနိုင်ရည်ရှိမည်ဟု မမျှော်လင့်ထားကြချေ။
၁၈။ အီရန်သည် ပါရှန်ပင်လယ်ကွေ့ရှိ ဒေါ်လာ ထရီလီယံပေါင်းများစွာကို ရှင်းလင်းခဲ့ပြီး အစ္စရေးကို မမျှော်လင့်ဘဲ မကြုံစဖူးနည်းဖြင့် တိုက်ခိုက် ခဲ့ပါတယ်။
၁၉။ တကယ်တော့ အစ္စရေး၊ အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အီရန်နဲ့ စစ်ရှုံးခဲ့တာ ဖြစ်ပါတယ်။
၂၀။ အီရန်က တကယ်ပဲ အနိုင်ရခဲ့တယ်။ အီရန်ရဲ့အောင်ပွဲအတွက် အကြောင်းပြချက်တွေ မကြာခင်မှာ လူကြီးမင်း တို့ကို ထုတ်ဖော်ပြသမယ့် အရာတွေရှိပါတယ်။
၂၁။ အီရန်သည် အရှေ့အလယ်ပိုင်း၏ ဘုရင်ဖြစ်လာပါတယ်။
၂၂။ အီရန်အနေဖြင့် မိမိ မဟာမိတ်များ ကို စစ်ပွဲထဲ မဝင်ခိုင်းဘဲ ဘယ်သူ့ဆီကမှလည်း အကူအညီမတောင်းဘဲ တစ်ယောက်တည်း ခုခံ တိုက်ခိုက် ခဲ့ပါတယ်။ ။ မိမိ ၏ ခုခံနိုင်စွမ်းကို ရှာဖွေတွေ့ရှိပြီး ခိုင်မာစွာရပ်တည်ခဲ့ပါတယ်။
၂၃။ အီရန်အနေဖြင့် မိမိ၏ ရန်သူများ ဖြစ်ကြသည့် အစ္စရေး၊ အမေရိကန်နှင့် ဥရောပများ ကို အပစ်အခတ်ရပ်စဲ ရေးတောင်းဆိုလာ သည်အထိ အစွမ်းပြခဲ့ပါတယ်။
၂၄။ အီရန်စစ်ပွဲကို ရှည်လျားစေပြီး အမေရိကန်နှင့် အစ္စရေးတို့ကို နှောင့်နှေးစေကာ အမေရိကန်နှင့် အစ္စရေးတို့ မကြာမီ ပြိုကွဲတော့မည့် အခြေအနေသို့ ဦးတည်သွားမည်ကို ထရမ့်က စိုးရိမ်ခဲ့ပါတယ်။
၂၅။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးဟာ လောင်စာဆီအကျပ်အတည်းနဲ့ ကမ္ဘာတဝှမ်းက စားသောက်ကုန်နဲ့ အခြေခံ ကုန်စည်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
၂၆။ အမေရိကန်ပြည်ထောင်စုသည် မိမိ ၏ဝင်ရောက်မှုကြောင့် တတိယကမ္ဘာစစ်မီးကို တောက်လောင် စေမည်ဖြစ်ပြီး အီရန်၏မဟာမိတ်များသည် တိုက်ပွဲတွင်ပါဝင်လာပြီး ဆိုးရွားသောအကျိုးဆက်များကို ဖြစ် ပေါ်လာ မည် ကို စိုးရိမ် ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment