၆ ဇူလိုင် ၂၀၂၅ - ၁၇:၀၀
ယီမင် မှ သိမ်းပိုက်ထားသော နယ်မြေများတွင် ဒုံးကျည်များ ပစ်ခတ်ခြင်း / Ben Gurion လေဆိပ်တွင် ပျံသန်းမှု ရပ်ဆိုင်း

ယီမင်မှ သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများအတွင်းသို့ ဒုံးကျည်များ ပစ်လွှတ်ခံရပြီးနောက် ဘင်ဂူရီယန် (Ben Gurion )လေဆိပ်ကို ထပ်မံသတိပေးချက်မရသေးမီအထိ ပိတ်ထားခဲ့ကြောင်း အစ္စရေး မီဒီယာ က ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာ အရ သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများတွင် လေကြောင်း တိုက်ခိုက်မှုဆိုင်ရာ ဥသြသံများ ထွက်ပေါ်လာပြီးနောက် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ယီမင်မှ ပစ်လွတ် သော ဒုံးကျည်ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း အစ္စရေးအစိုးရက အခိုင်အမာဆိုခဲ့ပါတယ်။

ဒီအတောအတွင်း အစ္စရေးမီဒီယာတွေက Ben Gurion လေဆိပ်ကို နောက်ထပ် သတိပေးချက်မရသေးခင်အထိ ပိတ်ထားလိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။

ယီမင်နိုင်ငံမှ ဒုံးကျည်များ ပစ်လွတ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ယံတွင် လုံခြုံသည်ဟု အစ္စရေးစစ်တပ်က မကြေညာမချင်း လေယာဉ်များ ဆင်းသက်ခြင်း သို့မဟုတ် ပျံသန်းခြင်းတို့ကို ခွင့်မပြုသေးကြောင်း သိရပါတယ်။ ဤအချက်ကို ကြည့်၍ အစ္စရေး ကောင်းကင်ယံ ဟာ မလုံခြုံကြောင်း သိသာ ထင်ရှားနေပြီး ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha