၂၂ ဇူလိုင် ၂၀၂၅ - ၂၂:၅၈
ဇီယွန်ဝါဒီအစိုးရကို ချေမှုန်းရာတွင် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ရရှီးဒ် သည်  အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကာလီဗါဖ် ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် အောင်မြင်မှုတွင် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် ၏ အခန်းကဏ္ဍကို ၎င်း၏ မိသားစုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ  မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ခါသန်မ်မိုအန်ဗီယာ တပ်မဟာ ၏ အကြီး အကဲဟောင်း  ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် ၏သား ရှဟီးဒ်  အဘာစ် ရရှီးဒ် ကို တို့အား ဂုဏ်ပြုခဲ့ပြီး အစ္စရေးနိုင်ငံအပေါ် သမိုင်းဝင် တုံ့ပြန်မှု အား စံပြ လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် သည် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် ၏ နေအိမ်တွင် ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် ၏ မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြား စဉ် ဇီယွန်ဝါဒီအစိုးရအား ၁၂ ရက်ကြာ စစ်ပွဲအတွင်း တုံ့ပြန်ခဲ့သည့်ပုံစံ သည် သမိုင်းတွင် စံပြု ရမည့် အဆင့်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါ  တယ်။

ဆက်လက်ပြီး ထိုကဲ့သို့ ရဲစွမ်းသတ္တိနှင့် စွမ်းအင်ကို အခြားနိုင်ငံများတွင် မတွေ့ခဲ့ရကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ယင်းစွမ်းရည်ရှိကြောင်း သက်သေပြခဲ့ကြောင်း  ဤအရည်အချင်းများ အားလုံးတွင် အာဇာနည် ဗိုလ်ချုပ်ကြီး ဂိုလာန်မ် အလီ ရရှီးဒ် ၏ အခန်းကဏ္ဍအား ထင်ရှားပြီး ပြတ်သားမြင်ရကြောင်း ပြောကြား ခဲ့ပါတယ်။

မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က ဗိုလ်ချုပ်ကြီး  ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် ၏ ကိုယ်ရည်ကိုယ်သွေးကို တုနှိုင်း မယှဉ်နိုင်သော အဖြစ် ဖော်ပြခဲ့ပြီး ၎င်း၏ ထိုးထွင်းသိမြင်မှု၊ ဗျူဟာ၊ တီထွင်ဖန်တီးမှုနှင့် ရဲရင့်သော ခေါင်းဆောင် မှု သည် အီရန်၏ စစ်ရေးဗျူဟာအတွက် ရှုထောင့်သစ်တစ်ခု ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့ ပါတယ်။

သူ့အဆိုအရ ဗိုလ်ချုပ်ကြီး  ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် သည် စစ်မြေပြင်တွင် ကျွမ်းကျင်ရုံသာမက ဉာဏ်ရည် ဉာဏ်သွေး နှင့် စစ်ဆင်ရေးအဆင့်တွင် ရှားပါးသော ရတနာတစ်ပါးလည်း ဖြစ်ကြောင်း ဖြစ်ပါတယ်။

အာဇာနည် ဗိုလ်ချုပ်ကြီး  ရှဟီးဒ် ဂိုလာန်မ် အလီ ရရှီးဒ် နှင့် သားဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးပြီး နောက် မိသားစု၏ ဝမ်းနည်းကြေကွဲမှုကို တုန်လှုပ်ချောက်ချားစေကာ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်းတို့၏ သည်းခံခြင်း အတွက် အကောင်းဆုံးဆုလာဘ်ကို ပေးသနားတော်မူရန် ဆုတောင်း ခဲ့ပါတယ်။

ဤတွေ့ဆုံမှု တွင် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်၏ ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဟီးဒ်  ဟစန် မိုဟကစ်က် ၏ နေအိမ်သို့ သွားရောက်ကာ ၎င်း၏ မိသားစုများနှင့် တွေ့ဆုံကာ ဂုဏ်ပြုဂါရဝပြုခဲ့ကြောင်းသိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha