အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ ဟရာမ် ငွေ ဖြင့် အဇါဒါရီ ပြုခြင်း ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ဟရာမ် ငွေများ သို့မဟုတ် ခွမ်းစ် မထုတ်ရသေးသည့် ငွေကို အဇါဒါရီ အတွက် (သို့မဟုတ်) သဗရွတ်က် ( အစားအသောက်၊ လက်ဖက်ရည် နှင့် စသည်ဖြင့် ... ) အသုံးပြုခြင်းသည် မှန်ပါသလား? (ပိုင်ပါသလား? ) မရ်ဂျအ်များ နှင့် ရှရီအသ် အမြင်တွင် မည်သို့ ရှိပါသနည်း?
အဖြေ
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
အဇါဒါရီ နှင့် သဗရွတ်က် အတွက် ဟရာမ် ငွေကို သုံးခြင်းသည် ခွင့်မရှိပါ။(မပိုင်ပါ။)ပြီး နောက် ဂိုနာဟ် (အပြစ်) ဖြစ်ပါသည်။
မှတ်ချက် ။ ။ အဖြေသည်ရှင်းလင်းနေပါသည်။ ဟရာမ်ငွေ အား အဇါဒါရီ နှင့် သဗရွတ်က် အတွက် အသုံးပြုခြင်း သည် ဟရာမ် ဖြစ်ပါတယ်။ ဟရာမ် ငွေဆိုသည်မှာ ရှရီအသ်(တရားတော်)မှ ခွင့်မပြုထားသည့် နည်းဖြင့် ရှာဖွေ ရရှိထားသည့်ငွေ ဖြစ်ပါတယ်။ ပမာ အားဖြင့် အတိုးငွေ၊ လောင်းကစား ဖြင့် ရသည့်ငွေ ၊ နောက် တရားတော်မှ ခွင့်မပြုထားသည့်နည်းဖြင့် ရှယ်ယာ ဝင်ထားသည့်ငွေ စသည်တို့ဖြစ်ပါတယ်။ ဤနေရာတွင် တရားတော်မှ ခွင့်မပြုထားသည့်နည်းဖြင့် ရှယ်ယာ ဝင်ထားသည့်ငွေ ဆိုသည် မှာ မိမိ အနေဖြင့် တစ်ဦးတစ်ယောက် ထံ အလုပ်လုပ်ရန် အတွက် သိန်း၅၀ ရှယ်ယာထည့်ထားမည်။ပြီးနောက် လစဥ် ကို ၂သိန်း အမြတ် အဖြစ် ယူမည် ဟု ပုံသေ အမြတ် သဘောတူချက်ယူထားမည်။ ဤငွေသည် ရှရီအသ်အရ အတိုးငွေ ပင်ဖြစ်ပါတယ်။ တရားတော်မှ ခွင့်ပြုသည့် ရှယ်ယာငွေ မှာ အလုပ် ကိစ္စတစ်ခု အတွက် သိန်း၅၀ ထည့်မည်။ပြီးနောက် တစ်လ ကို အမြတ် တစ်ယောက် တစ်ဝက်ဆို လုပ်မည်။ ပထမလ အမြတ်ရမည် မှာ သိန်း၃၀ ဆိုလျင် တစ်ယောက် ၁၅ သိန်းစီ ခွဲယူမည်။ နောက်လ သိန်း ၂၀ပဲ မြတ်မည် ဆိုလျင် ၁၀သိန်းစီ ယူမည်။ ဤအတိုင်းလစဥ် ရလာသည့် အမြတ် အပေါ် တစ်ဝက် ခွဲ ယူမည် ဆိုလျင် ဤငွေသည် ပိုင်ပြီးဟလာလ်ဖြစ်ပါတယ်။ ဤသည် ကို ဖေက် တွင် မိုဇွာတွေ ဗေဟ် ( مضاربه ) လိုခေါ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment