အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် လန်ဒန်ရှိ အီရန်သံရုံးတိုက်ခိုက်မှုနှင့် ပတ်သက်၍ တနင်္လာနေ့ ညနေပိုင်းက မိမိ နှင့်ရာထူးတူ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ကူပါ နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေး ခဲ့ ပါ တယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ တယ်လီဖုန်း ဆွေးနွေးမှုတွင် နိုင်ငံခြားသံရုံးများ ကာကွယ်ရေးနှင့် ပတ်သက်၍ ဗြိတိသျှအစိုးရ၏ အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားများကို သတိပေးခဲ့ပြီး လန်ဒန်အစိုးရ၏ တာဝန်မှာ အီရန်သံရုံးနှင့် အခြားသော သံတမန်ရေးရာ စင်တာများအား အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး က လန်ဒန်ရှိ အီရန်သံရုံးအား အီရန်ဆန့်ကျင်ရေး အကြမ်းဖက်သူများက တိုက်ခိုက်မှုအတွက် ဗြိတိသျှအစိုးရကို တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီး လန်ဒန်ရှိ အီရန်သံတမန်ရေးရာ စင်တာများအား ကာကွယ်ရာတွင် ဗြိတိသျှအစိုးရ၏ လစ်ဟာမှုများနှင့် ချွတ်ယွင်းမှုများ ထပ်မံဖြစ်ပေါ်လာပါ က တီဟီရန်မှ လိုအပ်သော အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မိမိ နှင့်ရာထူးတူ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး အား ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
.......................................................
END / 251
Your Comment