၂၇ ဇူလိုင် ၂၀၂၅ - ၁၅:၃၆
ဂါဇာရှိ ကလေးငယ်များ၏ အော်ဟစ်သံကြောင့်  ကောင်းကင်ကြီး တုန်ခါသွားသော်လည်း အာရပ်အာဏာ ပိုင်များ က နှုတ်ဆိတ်ပြီး ကြည့်နေ ပါတယ် / အာယာသွလ္လာဟ် အအ်ရာဖီ

ဟောင်ဇေအေလ်မီယေ ၏ အကြီးအကဲ အာယာသွလ္လာဟ် အအ်ရာဖီ က ဇီယွန်ဝါဒီများ၏ ရက်စက် ယုတ်မာ မှုများ၊ အစ္စလာမ်မစ် အစိုးရများ၏ လျစ်လျူရှုမှုနှင့် ပတ်သက်၍ ကွမ်းမြို့ ၏ သောကြာနမာဇ် ၏ ခွသ်ဗဟ် အတွင်း အီရန် ၏ တည်ကြည်မှုကို မီးမောင်းထိုးပြကာ အရေးကြီးသော ရလဒ် ၁၂ ခုနှင့် ဂါဇာရှိ အပြစ်မဲ့ ကလေး များ သည် ထမင်း တစ်လုတ် ကို တောင့်တကြပြီး အာရပ်အာဏာပိုင်များသည် ထိုင်နေကြသည်ဟု ဟောကြား ခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏အဆိုအရ ဟောင်ဇေအေလ်မီယေ ၏ အကြီးအကဲ အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ သည် သာသနာ့ ရွှေမြို့တော် ကွမ်း၏ သောကြာနမာဇ် ခွသ်ဗဟ် ၌ အစ္စလာမ်ကမ္ဘာကို နိုးကြားစေခဲ့ပြီး လွန်ခဲ့ သည့်နှစ်နှစ်နှင့် အထူးသဖြင့် မကြာသေးမီက ၁၂ ရက်စစ်ပွဲသည် ရန်သူနှင့် ဇီယွန်ဝါဒီများ၏ မျက်နှာဖုံးများ ကို ဖယ်ရှားပေးခဲ့ကြောင်း အမှန်တရားနှင့် မုသာဝါဒအကြား ရှင်းရှင်းလင်းလင်းတိုက်ပွဲဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ပထမနှင့် အရေးအကြီးဆုံး ရလဒ်မှာ အစ္စရေး၏ သိမ်းပိုက်မှုနှင့် မောက်မာမှု၏ အဖြစ်မှန်ကို တစ်ကမ္ဘာလုံးအား ထုတ်ဖော်ပြသခဲ့ပြီး ရှင်းပြရန် မလိုအပ်တော့ကြောင်း ယနေ့တွင် အစ္စရေး သည် နိုင်းမြစ်မှ ယူဖရေးတီးစ်အထိ မိမိ တို့၏အိပ်မက်ကို ပွင့်ပွင့်လင်းလင်း ပြောနေကြပြီး ဖြစ်ကြောင်း ဟောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ က အစ္စရေးသည် မောက်မာမှုနှင့် ကိုလိုနီစနစ်၏ ရည်မှန်းချက်များကို ဖြည့်ဆည်းရန် ဖန်တီးထားသည့် စစ်အုပ်စုတစ်ခုဖြစ်ကြောင်းလည်း ရှင်းရှင်းလင်းလင်း သိလာရကြောင်း တစ်ချိန်တည်းမှာပင်၊ အာဇာနည် ၆၀၀၀၀ အသွင်ဖြင့် အစ္စရေး၏ မွေးရာပါ လူသားမဆန်မှု နှင့် ရက်စက် ကြမ်းကြုတ် မှုတို့ကို ကမ္ဘာက မြင်တွေ့ခဲ့ရပြီး ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်နှင့် အစ္စလာမ်မစ် ကမ္ဘာ၏ အုပ်စိုးရှင်အများစု၏ သူရဲဘောကြောင်မှုတို့ကို ဝမ်းနည်းကြေကွဲစရာ ဖြစ်ကြောင်း  ကြံ့ကြံ့ခံ တော်လှန်ရေးအဖွဲ့ အနည်းငယ်မှ လွဲ၍ အစ္စလာမ် နိုင်ငံ အစိုးရအများစုသည် ခြိမ်းခြောက်ခြင်း၊ အကျိုးအမြတ်ကိုသာ ဦးစားပေး တို့ကြောင့် နှုတ်ဆိတ်နေကြ ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် အလီရေဇာ အအ်ရာဖီ က အီရန်သည် ခေါင်းဆောင်မှု၊ လူထုအသိနှင့် ခုခံကာကွယ်မှု၏ ပံ့ပိုးမှုဖြင့် အဖိနှိပ်ခံများဘက်မှ ရပ်တည်သည့် အင်အားကြီးပြီး နိုးကြားသောနိုင်ငံ ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါ တယ်။

ပြီးနောက် သောကြာနမာဇ် ဝတ်ပြုခြင်း၏အကျိုးကျေးဇူးများကိုဟောကြားပြီး ဤဝတ်ပြုကိုးကွယ်မှု၊ စုပေါင်း အသိစိတ်ဓာတ်၊ နိုင်ငံရေးအသိစိတ်၊ ကိုယ်ကျင့်တရားဆိုင်ရာလေ့ကျင့်မှုနှင့် အွန်မသ် ၏စည်းလုံးမှု ကိုပြသခြင်းဖြစ်ကြောင်း သောကြာနမာဇ် သည် ဝတ်ပြုရုံသာမက အစ္စလာမ်၏ ဝတ်ပြုကိုးကွယ်မှုနှင့် စုပေါင်းစိတ်ဓာတ်ကို ဖော်ပြသည့် နာမ်ပိုင်း ဆိုင်ရာ ဖော်ပြချက် လည်း ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အစ္စလာမ့်ကမ္ဘာကြီး ဒီနေ့ နှုတ်ဆိတ်နေမယ်ဆိုရင် မနက်ဖြန် ဒီမတရားမှုတွေက သူ့အိမ်တံခါးဝမှာ ရောက်သွားလာမှာ ဖြစ်ကြောင်း ပါလက်စတိုင်းကို ရပ်တည်ပြီး ထောက်ပံ့ဖို့ အချိန်ရောက်လာပြီး ဖြစ်ကြောင်း အကြောင်းသည်ကား မိမိ တို့၏ ဂုဏ်ကျက်သရေ သိက္ခာ ရှိရှိနှင့် ရှင်သန်ရေးလမ်း ကြောင်း  ဖြစ်သည့် အတွက်ကြောင့် ဟု မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha