၁၈ ဩဂုတ် ၂၀၂၅ - ၀၉:၁၉
သခွားဖရုံသီး ၏ အကျိုးကျေးဇူးများ

သခွားဖရုံသီး ၏ အကျိုးကျေးဇူးများ ကို အဗ်နာ ပရိတ်သတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။ မြန်မာပြည် တွင် ရှိမရှိတော့မသိပါ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် ပုံပါအတိုင်း ရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သခွားဖရုံသီး ၏ အကျိုးကျေးဇူးများ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကယ်လိုရီနည်းပြီး ကိုယ်အလေးချိန်ကျ စေပါတယ်။

၂။ ရေဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်ကို ရေဓာတ်ထိန်းပေးပါတယ်။

၃။ အမျှင်ဓာတ်ကြွယ်ဝပြီး အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

၄။ ပိုတက်စီယမ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၅။ ဗီတာမင် A နှင့် lutein ပါဝင်မှုကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

၆။ ဗီတာမင် C ကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

၇။ မဂ္ဂနီဆီယမ်ကြောင့် ကြွက်သားနှင့် အာရုံကြောကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

၈။ ရောင်ရမ်းမှုကို သက်သာစေပါတယ်။

၉။ ဆီးချိုရောဂါအဆင့် ၂ ရှိ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha