၂ အောက်တိုဘာ ၂၀၂၅ - ၀၀:၃၄
အီရန် နှင့် တူရကီ နယ်စပ်အသစ် ဖွင့်ဖို့ သဘောတူ

အီရန် နှင့် တူရကီ နှစ်နိုင်ငံသည် ကိုဇာရပ်ရှ် နှင့် ဂလင်ဂျက် နယ်စပ်လမ်းကြောင်းအသစ် ဖွင့်ရန် သဘော တူညီကြောင်း အစိုးရသတင်းများအရ သိရပါတယ်။ ဤနယ်စပ်လမ်းကြောင်းအသစ် ဖွင့်လှစ် ခြင်း ကြောင့် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု တိုးတက်လာမည်ဟု မျှော်လင့်ရပြီး၊ နှစ်ဦး နှစ်ဖက် ဆက်ဆံ ရေးများလည်း အထောက်အကူပြုမည်ဟု ခန့်မှန်းထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏အဆိုအရ တူရကီနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးက အီရန်နှင့်တူရကီတို့ကြား ပူးတွဲ ကိုယ်စား လှယ်အဖွဲ့အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်မည့်နေရာကို ဆုံးဖြတ် ခဲ့ ကြောင်း သိရပါတယ်။  ဒီဖြတ်ကျော်မှုကို အီရန်နိုင်ငံ ကိုဇာရပ်ရှ် ဒေသနဲ့ တူရကီနိုင်ငံ ဂလင်ဂျက် ဒေသကြားမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏  သံအမတ်ကြီး မိုဟမ္မဒ် ဟဘီးဘွလ္လာဟ် ဇါဒဟ် က နှစ်နိုင်ငံနယ်စပ်ရေးရာ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ ထံ တွင် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံစဉ် အဆိုပြုထားသည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး နှစ်ဖက်စလုံးမှ နယ်စပ်ဖြတ်ကျော်မှုနှင့် ဂိတ်များ၏ အဆောက်အအုံများကို နှစ်ဖက်သဘောတူခဲ့ကြကြောင်း သံအမတ်ကြီး မိုဟမ္မဒ် ဟဘီးဘွလ္လာဟ် ဇါဒဟ် က ပြောကြားထားပါတယ်။

အဆိုပါ နယ်စပ်ဂိတ်သစ် တည်ထောင်ခြင်းသည် ပြည်နယ်နှင့် နိုင်ငံအဆင့် ချိတ်ဆက်မှု တိုးမြှင့်ပေးရုံသာမက အိမ်နီးချင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းသွားလာရေးကိုလည်း သိသိသာသာ မြှင့်တင်ပေး မည်ဖြစ် ကြောင်း သံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။

ကိုဇာရပ်ရှ် နှင့် ဂလင်ဂျက် နယ်စပ်ဖြတ်ကျော်မှုအသစ်သည် အီရန်နိုင်ငံ အနောက်အဇာဘိုင်ဂျန်ပြည်နယ်၏ ဆယ်လ်မစ် ခရိုင်နှင့် တူရကီနိုင်ငံဗန် ပြည်နယ်၏ ဘတ်ရှ်ကာလေး ခရိုင်ကြားတွင် တည်ရှိပါတယ်။  ဘာဇာဂန်  ရာဇီ  နှင့် ဆီရို ပြီးနောက် အီရန်နှင့် တူရကီကြား စတုတ္ထမြောက် တရားဝင် နယ်စပ်ဖြတ်ကျော်မှု ဖြစ်လာမည် ဖြစ် ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha