၃၀ စက်တင်ဘာ ၂၀၂၅ - ၁၀:၀၁
မသင့်လျော်သောအဝတ်အစားများ ဝတ်ဆင်ခြင်းဆိုင်ရာ  ရှရီအီ အမြင်

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ မသင့်လျော်သောအဝတ်အစားများ ဝတ်ဆင်ခြင်းဆိုင်ရာ ကိစ္စ နှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  မှ မသင့်လျော်သော အဝတ် အစား များ ဝတ်ဆင်ခြင်းဆိုင်ရာ  ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါ တယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်း ဖြစ်တယ်။

မေးခွန်း

တင်းကျပ်နေသည့် ဖက်ရှင်ကျကျစုတ် ဗြဲထားသည့် ဘောင်းဘီရှည် နှင့်  မသင့်လျော်တဲ့ ရှပ်အင်္ကျီ (manto) ကို ၀တ်ဆင်ခွင့် ရှိပါသလား?

အဖြေ

ယေဘူယျအားဖြင့်၊ ၎င်း၏အရောင်၊ ဒီဇိုင်း သို့မဟုတ် စတိုင်ကြောင့် မွတ်စလင်မဟုတ်သူများ၏ အာရုံစူးစိုက်မှုကို စွဲဆောင်ပြီး ဟာရာမ်ကျူးလွန်ခြင်းသို့ ဦးတည်စေသည့် အဝတ်အစားများကို ၀တ်ဆင်ခြင်း၊  မွတ်စလင်မ် မဟုတ်သူများ ၏ အဝတ်အစားဟု ယူဆရသည့် အနောက်တိုင်းယဉ်ကျေးမှုကို အားပေးသည့် မည်သည့် အဝတ် အစား မဆို ခွင့်မပြုချေ။ ပြီးတော့ ဒီဥပမာတွေကို ဖော်ထုတ်ဖို့ သက္က်လီဒ် ယူထားသူများ ၏ တာဝန် ဖြစ်ပါတယ်။

မှတ်ချက်  ။ ။ ဤအတွက် ကြောင့် အဝတ်အစားများ ကို ဝတ်ဆင်ရာတွင် အထူးသတိပြုရမည် ဖြစ်ပါတယ်။ တင်းကျပ်နေသည့် အဝတ်အစားများ ကိုယ်ခန္ဓာ အချိုးအစားကို ထင်ရှားစေသည့် အဝတ် အစားများကို ရှောင်ကြဥ်ရမည် ဖြစ်ပါတယ်။ တစ်ချို့ မိန်းကလေးများသည် ဟေဂျာဗ် ဝတ်ထားပေးမဲ့ မိမိ ၏ ကိုယ်ခန္ဓာ အချိုးအစား ကို ပေါ်အောင် ဝတ်ဆင်ကြသည်ကိုလည်း ဝမ်းနည်း စွာ တွေ့မြင်နေရပါတယ်။ ဤကဲ့သို့ ဝတ် ဆင်မှုများကို ရှောင်ကြဥ်ရမည် ဖြစ်ပါတယ်။ ပြီးနောက် အနောက်တိုင်း ယဥ်ကျေးမှု ကို အားပေးသည့် အဝတ် အစားဆိုတာ  အမျိုးသားများ အတွက် ပမာအားဖြင့် နက်တိုင် (လည် စည်း )  ဖြစ်ပါ တယ်။ အနောက်တိုင်း အဝတ် အစားဆိုသည် မှာ သီးသန့် သတ်မှတ်ထားသည့် အဝတ်အစားများကို ဆိုလို ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီဥပမာတွေကို ဖော်ထုတ်ဖို့ သက္က်လီဒ် ယူထားသူများ ၏ တာဝန် ဖြစ်ပါတယ် ဆိုသည်မှာ မိမိ ဝတ်သည့် အဝတ်အစားများသည် အနောက်တိုင်းယဉ်ကျေးမှုကို အားပေးသည့် အဝတ်အစား  ဟုတ်မဟုတ် စသည်ဖြင့် စိစစ် လေ့လာ ရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha