၁၅ ဒီဇင်ဘာ ၂၀၂၅ - ၁၃:၀၈
ဆစ်ဒနီတိုက်ခိုက်မှုတွင် ဂါဇာစစ်ပွဲကို ထောက်ခံသူ ရဗ္ဗိ သေဆုံး

ဆစ်ဒနီတိုက်ခိုက်မှု၏ သေဆုံးသူများ မှ တစ်ဦးဖြစ်သည့် ရဗ္ဗိ(ခ)ဂျူးဘုန်းကြီး အီလီ ရှလင်ဂါ (Eli Schlinger ) သည် ယခင်က ဂါဇာစစ်ပွဲကို ဆက်လက်လုပ်ဆောင်ရာတွင် စစ်တပ်ကို ထောက်ခံရန် အစ္စရေးသို့ ခရီးသွား ခဲ့ဖူး သော ချာဘတ် (Chabad )လှုပ်ရှားမှု၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တနင်္ဂနွေနေ့က ဆစ်ဒနီတိုက်ခိုက်မှုတွင် သေဆုံးသူများ မှ တစ်ဦးနှင့်ပတ်သက်သည့် အသေးစိတ် အချက် အလက်များကို ဟီးဘရူးမီဒီယာများက ထုတ်ပြန်ခဲ့ပြီး ၎င်းသည် ဂါဇာစစ်ပွဲနှင့် ဆက်စပ်နေသော ဂျူး ရဗ္ဗိ (ခ) ဂျူးဘုန်းကြီး တစ်ဦးဖြစ်သည်ဟု ဆိုထားပါတယ်။

အစ္စရေး သတင်းထောက်နှင့် တက်ကြွလှုပ်ရှားသူ ဟာနိုခ ဒါအုမ်(Hanoch Daum)  က မိမိ ၏ Instagram အကောင့်တွင် ဆစ်ဒနီမြို့ရှိ ချာဘတ် (Chabad ) လှုပ်ရှားမှု၏ ကိုယ်စားလှယ် ရဗ္ဗိ(ခ)ဂျူးဘုန်းကြီး အီလီ ရှလင်ဂါ (Eli Schlinger ) သည် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အီလီ ရှလင်ဂါ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် နောက်ပိုင်းတွင် အစ္စရေးသို့ ခရီးထွက်ခဲ့ပြီး စစ်သားများနှင့် တွေ့ဆုံကာ ဂါဇာတွင် စစ်ပွဲဆက်လက်ဆင်နွှဲရန် အားပေးခဲ့ကြောင်း ဟာနိုခ ဒါအုမ် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ynet သည် စစ်ဘက်ယာဉ်တစ်စီးပေါ်တွင် အစ္စရေးစစ်သားများဘေးတွင် ရပ်နေသော အသက် ၄၁ နှစ်အရွယ် အီလီ ရှလင်ဂါ ၏ ဓာတ်ပုံတစ်ပုံကိုလည်း ထုတ်ပြန်ခဲ့သော်လည်း ဓာတ်ပုံကို ဂါဇာတွင် ရိုက်ကူးခဲ့ခြင်း သို့မဟုတ် အခြားနေရာများတွင် ရိုက်ကူးခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရပါတယ်။

အီလီ ရှလင်ဂါ ၏ လူမှုမီဒီယာအကောင့်တွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ Facebook နဲ့ Instagram မှာရှိတဲ့ သူ့ရဲ့ပရိုဖိုင်ပုံနဲ့ တူညီတဲ့ပုံကို အသုံးပြုထားတာကို တွေ့ရပါတယ်။

ဆစ်ဒနီတိုက်ခိုက်မှုတွင် ဂါဇာစစ်ပွဲကို ထောက်ခံသူ ရဗ္ဗိ သေဆုံး

အီလီ ရှလင်ဂါ သည် ၂၀၀၈ ခုနှစ်မှစ၍ ဆစ်ဒနီမြို့ရှိ ချာဘတ်(Chabad) လှုပ်ရှားမှု၏ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူသည် အိမ်ထောင်ကျပြီး ကလေးငါးယောက်ရှိပြီး အငယ်ဆုံးမှာ လသား အရွယ်သာရှိသေးကြောင်း သိရပါတယ်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် လေဘာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီးစ်ထံ "ဂျူးလူမျိုးများကို သစ္စာမဖောက်ရန် ကျွန်ုပ်တောင်း ဆိုပါသည်။ ဤမြေကို ဘုရားသခင်က အာဗြဟံ၊ ထို့နောက် အိဇက်နှင့် ယာကုပ်တို့အား ဂျူးလူမျိုးများ၏ ထာဝရဇာတိမြေအဖြစ် ပေးအပ်ခဲ့သည်။" ဟု အီလီ ရှလင်ဂါ စာတစ်စောင်ရေးသားခဲ့ပါတယ်။

ဆစ်ဒနီတိုက်ခိုက်မှုတွင် ဂါဇာစစ်ပွဲကို ထောက်ခံသူ ရဗ္ဗိ သေဆုံး

သူက ထပ်လောင်းပြီး “သမိုင်းတစ်လျှောက်တွင် ဂျူးလူမျိုးများသည် ၎င်းတို့၏ဇာတိမြေမှ အကြိမ်ပေါင်းများစွာ နှင်ထုတ်ခံခဲ့ ရကြောင်း ယခုအချိန်သည် အမှန်တရားနှင့် တရားမျှတမှုအတွက် ရပ်တည်ရန် သင့်အခွင့် အရေးဖြစ်ကြောင်း ဤသစ္စာဖောက်ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်းဖြင့် သင်သည် ဂျူးလူမျိုးများနှင့် ကျွန်ုပ်တို့၏ အမွေ အနှစ်ကို ဂုဏ်ပြုရုံသာမက ဘုရားသခင်၏နှုတ်ကပတ်တော်ကိုပါ ထိန်းသိမ်းစောင့် ရှောက် မည်ဖြစ် ကြောင်း ။” ပြောကြားခဲ့ပါတယ်။

ချာဘတ်လှုပ်ရှားမှုသည် ပါလက်စတိုင်းလူမျိုးများ၏ အခွင့်အရေးများကို အသိအမှတ်မပြုဘဲ ပါလက် စတိုင်းမြေ၏ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ထံ လွှဲပြောင်းပေးမည့် သဘောတူညီချက်တိုင်းကို ဆန့်ကျင်ကြောင်း သတိပြုသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha