အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က မကြာသေးမီက နိုင်ငံအတွင်း လူ ၈၀၀ ကို သေဒဏ်ပေးမည်ဟု ထွက်ပေါ်နေသော သတင်းများကို အခြေအမြစ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အသေးစိတ်အားဖြင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အမေရိကန်သည် သမိုင်းတစ်လျှောက် အီရန်နိုင်ငံသားများအား ဆန့်ကျင်သည့် လုပ်ရပ်များကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။ အီရန်အပေါ် အမေရိကန် ပြုထားသည့် ရာဇ၀တ်မှုများ စာရင်းမှာ ရှည်လျားကြောင်း အီရန် ခရီးသည်တင် လေယာဉ် ပျက်စီးမှု၊ ဗိုချုပ်ကြီး ရှဟီးဒ် ဆိုလိုင်းမါနီ အားလုပ်ကြံ သတ်ဖြတ် မှု နှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ပြည်သူ ၁၀၀၀ ကျော် ကျဆုံးခဲ့ခြင်းတို့သည် အမေရိကန် ရာဇ၀တ်မှုများ၏ ဥပမာများ ဖြစ်ကြောင်း အီရန်အစိုးရအနေဖြင့် အမေရိကန်အပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီစ္စမာအီ ဗကာအီ က မကြာသေးမီက Wall Street Journal တွင် ဖော်ပြခဲ့သော ဆောင်းပါးမှ အမေရိကန်သည် အီရန်ကို အပိုင်းပိုင်း ဖြစ်အောင် ကြံစည်မှုဆိုးတစ်ခု ပြုလုပ်နေသည်ကို ထင်ရှားစေသည်ဟု ပြောကြားခဲ့ပါတယ်။ ရန်သူက ဤအစီအစဉ်ကို အကြိမ်ကြိမ် စမ်းသပ်ခဲ့သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရကြောင်း အီရန်ကို အပိုင်းပိုင်း ဖြစ် ရန် ကြံစည်မှု ဘယ်သောအခါမှ အောင်မြင်မည် မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန် နိုင်ငံခြားဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ က အမေရိကန်နှင့် ဇီယွန် အစိုးရတို့သည် မည်သည့် နိုင်ငံတကာ ဥပဒေကိုမှ လိုက်နာခြင်း မရှိကြောင်း ဒေသတွင်း နိုင်ငံများ အနေဖြင့် မိမိ တို့၏ နယ်မြေအား အိမ်နီးချင်း နိုင်ငံများအပေါ် တိုက်ခိုက်ရန် အတွက် အသုံးပြုခွင် မပေးကြရန် ထပ်မံ သတိပေးလိုကြောင်း ဒေသတွင်း နိုင်ငံများကြား သဘောတူညီမှုနှင့် အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အထောက် အကူပြု လိမ့်မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တီဟီရန်ရှိ ဥရောပ သံရုံးများ ပိတ်သိမ်းမှု သတင်းများနှင့် ပတ်သက်၍ အီစ္စမာအီ ဗကာအီ က အင်တာနက် ဝန်ဆောင်မှု ပြတ်တောက်မှုကြောင့် ထိုသံရုံးများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး၊ အချို့နိုင်ငံများက ၎င်းတို့၏ သံတမန်အချို့ကို အီရန်မှ ပြန်လည်ခေါ်ယူခဲ့သော်လည်း မည်သည့် သံရုံးမှ ပိတ်သိမ်းခြင်း မရှိသေးကြောင်း သံရုံးတစ်ခုတွင် ဝန်ထမ်း အင်အား လျော့နည်းပါက ဝန်ဆောင်မှုများ ပေးအပ်ခြင်းလည်း ထိခိုက်မိဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက အနောက်တိုင်း မီဒီယာများသည် ဘက်လိုက်မှု ပြသပြီး အီရန်အကြောင်း မဟုတ်မမှန်သော သတင်းများကို အမြဲတမ်း ဖြန့်ဝေနေကြောင်း လူ ၈၀၀ ကို သေဒဏ်ပေးမည်ဆိုသော သတင်းသည် ဤအချက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ဆူပူမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သူများနှင့် ပတ်သက်သော အထောက်အထားများကို အစကတည်းက စုဆောင်းနေကြောင်း တရားရုံးနှင့် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ သည် စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment