အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မီဒီယာလောကတွင် သစ္စာပြုထားသည့်အီရန် ရန်သူ အမေရိကန် ၊ အစ္စရေး နှင့် ၎င်းတို့၏ လော်ဘီများက မကြာသေးမီက အီရန် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ဆူပုသောင်ကြမ်း မှုကြောင့် သေဆုံးသွားသူများ ၏ အရေ အတွက် အား လုပ်ကြံ ရေးသား ဖြန့်ဝေ နေကြပါတယ်။
ဤအတွက် ကြောင့် အီရန် သမ္မတရုံး ဆက်သွယ်ရေး ဒုညွှန်ကြားရေးမှူး မှ တရား ဝင် ထုတ်ပြန်ချက် တစ်ခု အား မိုဘိုင်းမတ်စေ့ဂျ် ဖြင့် အီရန် ပြည်သူများကို ပို့သခဲ့ပါတယ်။ ပို့ထားသည့် မတ်စေ့ဂျ် ၏ မူရင်း စာသား နင့် ဘာသာပြန် ကို တင်ပြလိုက်ပါတယ်။
معاون ارتباطات دفتر رئیسجمهور : با دستور رئیسجمهور اسامی و مشخصات کلیه جانباختگان حوادث تلخ اخیر بصورت علنی منتشر میشود. این اقدام پاسخ روشنی به جعلیات و آمارسازیهاست.
သမ္မတရုံး ဆက်သွယ်ရေး ဒုညွှန်ကြားရေးမှူး - သမ္မတ၏ အမိန့်အရ မကြာသေးမီက ဖြစ်ပွားခဲ့သော ဝမ်းနည်း ဖွယ် ဖြစ်ရပ်များ တွင် သေဆုံးခဲ့သူများအားလုံး၏ အမည်များနှင့် အသေးစိတ်အချက်အလက်များကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်သည် သတင်းအတုများနှင့် လုပ်ကြံထားသော စာရင်းအင်းများအပေါ် ရှင်းလင်းသော တုံ့ပြန်မှုတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သတင်းမီဒီယာ စာမျက်နှာ တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် အီရန် သတင်းများ ကို မမှန်မကန် တင်ပြခြင်း ၊ လုပ်ကြံတင်ပြခြင်း ၊ စွပ်စွဲတင်ပြခြင်း များကိုသာ ပြုလုပ်နေသည်ကို အလွန် ဝမ်းနည်းဖွယ်တွေ့နေရပါတယ်။ တစ်နည်းအားဖြင့် ချစ်ခင် လေးစား ရသည့် မြန်မာပြည်သူများသည် ဘက်လိုက် သတင်းဌာန များ ၊ သတင်းအမှန် များ နှင့် ဝေးကွာ နေမှုများ ကြောင့် အီရန် သတင်းကို အမှောင်ချထားခြင်းကို ခံခဲ့၊ ခံနေရပါတယ်။
သတင်း အမှောင်ချခံထားရသည့် အဓိ ကအကြောင်း အရင်းများ ကတော့ လူသိများသည့် မြန်မာစကားသုံး သတင်း မီဒီယာများက ဘက်လိုက် သတင်းများ ၊ အီရန် ဆန့်ကျင်ရေး သတင်းများ ၊ မုန်းတီးရေးသတင်းများသာ ဦးစားပေး ဖြန့်ဝေခြင်း ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ အီရန် သတင်း ကို မှန်ကန် စွာ တင်ပြ နေသူများ ရှိနေလျင် လည်း မနာလိုစိတ် ၊ အငြိုးအတေးစိတ် ၊ ငါ့လူမဟုတ် သည့် စိတ်တို့ ဖြင့် အားပေး ခြင်း မျှဝေပေးခြင်း မပြုခြင်း တို့ကြောင့် ဖြစ်ပါတယ်။ အားပေးခြင်းမပြုမှု၊ မျှဝေခြင်း မပြုမှုကို အထူးသဖြင့် မိမိကိုယ့်ကို မွတ်စလင်မ် ဟုဆိုသူများ ရှီအဟ် မွတ်စလင်မ် ဟု ခံယူထားသူများ ပြုလုပ်နေသည့် အတွက်ကြောင့် လည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မောင်လာအလီ (အ.စ) ၏ « ပြောသူကို မကြည့် နှင့် ။ ဘာပြောသည်ကို ကြည့် » ဆိုသည့် ဟဒီးစ်တော် ကို ဆန့်ကျင်နေကြသည့် အတွက်ကြောင့် ဖြစ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment