၃၁ ဇန်နဝါရီ ၂၀၂၆ - ၀၈:၅၅
ရုရှားနိုင်ငံ ဒါဂတ်စတန်မြို့ရှိ ရှီအဟ် အသိုင်းအဝိုင်းက အီရန်ကို ထောက်ခံ

အမေရိကန် နှင့် ဇီယွန်ဝါဒီ မတရားမှု မှန်သမျှကို ဆန့်ကျင်သည့် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံအပေါ် ခိုင်မာစွာထောက်ခံကြောင်း ရုရှား နိုင်ငံ ဒါဂတ်စတန်ရှိ ရှီအဟ် အသိုင်းအဝိုင်းက ကြေညာခဲ့ပါတယ်။ မကြာသေး မီက ဖြစ်ရပ်များသည် ဤရန်သူများ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဖော်ထုတ်ခဲ့ကြောင်း ပြောကြားခဲ့ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားနိုင်ငံ ဒါဂတ်စတန်ရှိ ရှီအဟ် အသိုင်းအဝိုင်း ရှိ ရှီအဟ် အသိုင်းအဝိုင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ဇိုင်ဝါဒီအစိုးရ၏ မတရားမှု မှန် သမျှ ကို ဆန့်ကျင်သည့် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံအပေါ် ခိုင်မာစွာ ထောက်ခံ ကြောင်း ကြေငြာခဲ့ပြီး “မကြာသေးမီက ဖြစ်ရပ်များသည် ဤရန်သူများ၏ စစ်မှန်သော ရည်ရွယ်ချက် များကို ဖော်ထုတ်ခဲ့သည်” ဟု ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ ဒါဂတ်စတန်မြို့ရှိ ရှီအဟ် အသိုင်းအဝိုင်း၏ ကြေညာချက်တွင် ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော် များက ရန်သူ၏ အလ္လာဟ် ဟို အရှင်မြတ် ၏ အမှန်တရားကို ရင်ဆိုင်ရန် ကြိုးပမ်းမှုများသည် ကျရှုံး ရန် သေချာနေပြီး သမိုင်းတစ်လျှောက်တွင် ဖိနှိပ်မှု နှင့် အာဏာ မာနထောင်လွှားမှုအင်အားစုများသည် တရားမျှတမှု၊ လွတ်လပ်ရေးနှင့် နာမ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အတွက် ပြည်သူများ၏ မျှော်လင့်ချက်များကို အကြိမ်ကြိမ် ဖိနှိပ်ရန် ကြိုးစားခဲ့ကြကြောင်း လာရှိပါတယ်။

ဆက်လက်ပြီး ကျွန်ုပ်တို့ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ မတရာလွှမ်းမိုးမှုနှင့် ၎င်းတို့ထောက်ခံသော ဇီယွန် ဝါဒအစိုးရ ဦးဆောင်သော ဤအင်အားစုများသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ခုခံကာကွယ်ရေး တပ်ဦး တစ်ခု လုံး ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြကြောင်း ဆိုထားပါတယ်။

မကြာသေးမီက ဖြစ်ရပ်များက ဤရန်သူများ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ထုတ်ပြသခဲ့ပါတယ်။ ၎င်းတို့ သည် အီရန်ကို ချေမှုန်းရန်  ဖိအား၊ ခြိမ်းခြောက်မှုနှင့် စစ်အင်အားကို အသုံးပြု၍ မိမိ တို့၏ဆန္ဒကို ပြဋ္ဌာန်း ရန် မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် အလ္လာဟ်ဟို အရှင်မြတ် သခင် ၏အကူအညီ နှင့် အီရန်ပြည်သူများ၏ ခိုင်မာမှု နှင့် စည်းလုံးညီညွတ်မှုကြောင့် ၎င်းတို့၏အစီအစဉ်များ၊ရည်မှန်းချက်များ ပျက်ပြားသွားပါတယ်။

အီရန် ရန်သူများသည် ရှုံးနိမ့်ပြီးနောက်မှာ တခြားနည်းလမ်းများ ကို အသုံးပြုပြီး လူ့အဖွဲ့အစည်းအတွင်း မတည်ငြိမ်မှုနဲ့ စည်းလုံး‌ရေး ပြိုကွဲမှုများကို  ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ၎င်းတို့၏ ရည်မှန်းချက်က အီရန် နိုင်ငံကို အတွင်းပိုင်းကနေ အားနည်းစေအောင် ပြုခဲ့ပါတယ်။ သူတို့ရဲ့ပြုလုပ်ခဲ့သည့် အစီအစဉ်များ မအောင်မြင် သည့် အတွက် လက်စားချေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အီရန် ပြည်သူများ ၏  သတိရှိမှု နှင့်  မိမိတို့ ၏ တန်ဖိုး များ အပေါ် သစ္စာစောင့်သိမှုကြောင့် ဒီအစီအစဉ်တွေ အကောင်အထည်မပေါ်ပဲ ဖြစ်ပါတယ်။

အီရန်ပြည်သူများသည် နိုင်ငံ၏တရားဝင်ခေါင်းဆောင်မှု နှင့် အစ္စလာမ်တော်လှန်ရေးခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား ဝန်းရံခြင်း ဖြင့် မိမိ ၏ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ထပ်မံပြသခဲ့ကြပါတယ်။ ဤစည်းလုံးညီညွတ်မှုသည် မည်သည့် ရန်လိုသော ကျူးကျော်မှုကိုမဆို ဆန့်ကျင်သည့် ယုံကြည်စိတ်ချရသော အတားအဆီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကျွန်ုပ်တို့သည် အီရန်အစ္စလာမစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ၎င်း၏လွတ်လပ်သောလမ်းကြောင်းနှင့် ခေါင်းဆောင်မှု အတွက် ကျွန်ုပ်တို့၏ခိုင်မာပြီး စိတ်ရင်းမှန်ဖြင့် ထောက်ခံကြောင်း ကြေညာကြောင်း ယုံကြည်မှု၊ တရားမျှတမှုနှင့် ပြည်သူများအပေါ် မှီခိုအားထားမှုအပေါ် အခြေခံသည့်လမ်းကြောင်းသည် အမှန်တရား၏အောင်ပွဲသို့ အမြဲ ပို့ဆောင်ပေး သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြောင်း ရုရှားနိုင်ငံ ဒါဂတ်စတန်မြို့ရှိ ရှီအဟ် အသိုင်းအဝိုင်းက ဆိုထား ပါတယ်။

ဆက်လက်ပြီး ဤဖြစ်ရပ်များတွင် အသက်ဆုံးရှုံးခဲ့ရသူအားလုံး  "သာမန် အရပ်သားများ နှင့် လုံခြုံရေးတပ်ဖွဲ့များ" အား အောက်မေ့ သတိရစွာဖြင့် ကျွန်ုပ်တို့သည် အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် ဂုဏ်ပြုအပ်ကြောင်း ၎င်းတို့၏ မိသားစုများ နှင့်အတူ ကျွန်ုပ်တို့၏ ဝမ်းနည်းကြောင်း သေဆုံးသူများအတွက် ကရုဏာနှင့် ခွင့်လွှတ်ခြင်း ရှိရန် အနန္တတန်ခိုးရှင် အလ္လာဟ် ဟိုအရှင်မြတ်ထံ  ကျွန်ုပ်တို့ ဒိုအာပြုကြောင်း ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုသည် အမှန်တရားလမ်းကြောင်းအပေါ် ခိုင်မာတည်ကြည်မှုနှင့် သစ္စာစောင့်သိမှု၏ သင်္ကေတတစ်ခု ဖြစ်ကြောင်း ဆိုထား ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha