အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ ရဲတပ်ဖွဲ့ချုပ် အဲဟ်မဒ် ရေဇာ ရာဒါန်က နိုင်ငံ ကို ထိခိုက် နစ်နာစေရန် ရန်သူများက ဟိုက်ဘရစ် စစ်ပွဲကို စတင်ခဲ့ပြီး အဆင့်နှစ်ဆင့်ပါသော စီမံကိန်း တစ်ရပ်ကို ချမှတ်ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး အမေရိကန်နှင့် ဇီယွန်နစ် အစိုးရတို့သည် “စစ်ပွဲမှ ပဋိပက္ခ” နှင့် “ပဋိပက္ခမှ စစ်ပွဲ” ဆိုသော မဟာဗျူဟာများဖြင့် လှုပ်ရှားခဲ့ကြသော်လည်း အီရန်၏ အစ္စလာမ့် စနစ်၏ အမှန်တရားကို နားမလည်နိုင်ခဲ့သဖြင့် အဆုံးတွင် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
ရဲချုပ်က ရန်သူများအား ယနေ့တွင် မိမိတို့၏ ခန့်မှန်းချက်များတွင် အမှားအယွင်းများ ထပ်မံပြုလုပ်ပါက သေချာ ပေါက် နောင်တရလိမ့်မည်ဟု တင်းမာစွာ သတိပေး ပြောကြားခဲ့ပါတယ်။
နိုင်ငံအတွင်းရှိ မကောင်းသော ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သူများကို ဆက်လက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ် ကြောင်း နိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲက အလေးပေးပြောကြားခဲ့ပြီး ရန်သူနှင့် ဆက်နွှယ်နေသော သူမှန်သမျှ ကို ဖမ်းဆီးရန် ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၊ တော်လှန် ရေး အစောင့် တပ် နှင့် ထောက်လှမ်းရေးအရာရှိများသည် လူထုငြိမ်းချမ်းရေးကို နှောင့်ယှက်ခွင့် မပြုကြောင်း ပြောကြား ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment