၁၁ ဖေဖော်ဝါရီ ၂၀၂၆ - ၀၈:၃၃
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ သည် အကျဉ်းသားများ၏ ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့် သို့မဟုတ် လျှော့ချ ရန် အဆိုပြုချက်ကို အတည်ပြု

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် အကျဉ်းသား ၂၁၀၈ ဦး၏ ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်၊ လျှော့ချခြင်း သို့မဟုတ် လျှော့ပေါ့ပေးခြင်းကို အတည် ပြုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ သည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည်  အင်္ဂါနေ့တွင် အကျဉ်းသားအများအပြား၏ ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်၊ လျှော့ချခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်ကို အတည်ပြုခဲ့ပါတယ်။

ဤခွင့်ပြုချက်ကို တရားစီရင်ရေးဌာန အကြီးအကဲ အီရန်တရားသူကြီးချုပ် H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ မှ တင်ပြသော တောင်းဆိုချက်အရ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းတောင်းဆိုချက်အရ ပြစ်ဒဏ် ချမှတ်ခံ ရသူ စုစုပေါင်း ၂၁၀၈ ဦးအား ၎င်းတို့၏ ပြစ်ဒဏ်များကို လျှော့ချခြင်းနှင့် လျှော့ပေါ့ပေးခြင်းပုံစံဖြင့် လွတ်ငြိမ်းခွင့် သို့မဟုတ် သက်သာခွင့်များ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

တရားစီရင်ရေးဌာန အကြီးအကဲ အီရန်တရားသူကြီးချုပ် သည် ဤတောင်းဆိုချက်ကို ရှအ်ဗာန်လမြတ်၏ အီးဒ်နေ့များ (အေမာမ်ဟိုစိုင်းန် (အ.စ) ၊ ဟဇရသ် အဘာစ် (အ.စ) ၊ အေမာမ် စဂျာဒ် (အ.စ) ၊ဟဇရသ်အလီအက္က်ဘဲရ် (အ.စ) ၊  အေမာမ် ဇမာန်း (အ.ဂျ) တို့၏မွေးနေ့ရက်မြတ် မင်္ဂလာနေ့များ )  နှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီထံ တရားဝင် တောင်းခံစာ ၊ စာတစ်စောင် ရေးသားလျှောက်ထားခဲ့ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှလည်း လက်ခံ အတည်ပြုပေးခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha