၁၆ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၀၀
ဟစ်ဘွလ္လာဟ်  ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ်  ၏ မိန့်ခွန်း အနှစ်ချုပ်

မယ်ရယမ် သတင်းအချက်အလက် မီဒီယာ ၏ ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် ၏ မိန့်ခွန်း အနှစ်ချုပ် တင်ပြချင်ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၁။ ကျွန်ုပ်တို့သည် အမျိုးသားရေး၊ အာရပ်ရေး၊ အစ္စလာမ်ရေးနှင့် လူသားရေး အခြေခံထားသော ကြံ့ကြံ့ခံ ခုခံ တော်လှန် ရေးဖြစ်ပြီး၊ ဤခုခံမှုကို ခွဲခြား၍ မရနိုင်ချေ။

၂။ အစ္စရေးသည် ကျူးကျော်ရေးဆန်သည့်  အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပါလက်စတိုင်းပြည်တစ်လုံးလုံးနှင့် ဒေသ တစ်ဝန်းကို ထိန်းချုပ်လိုပါတယ်။ သိမ်းပိုက်လိုပါတယ်။

၃။ အစ္စရေးသည် အော်စလိုမှ မက်ဒရစ်အထိ သဘောတူညီချက်များ လက်မှတ်ရေးထိုးသော်လည်း ဘယ်သော အခါမှ အကောင်အထည်မဖော်ခဲ့ချေ။

၄။ ဂါဇာရှိ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးစစ်တပ်မှ တိုက်ရိုက်သိမ်းပိုက်ခြင်းကို လျှော့တွက်၍မရချေ။

၅။ အီရန် နှင့် ရဲရင့်သော ပြည်သူများ၏ အနာဂတ်သည်  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ ဦးဆောင်မှုအောက်တွင် လင်းလက် တောက်ပ နေပါတယ်။  အီရန်သည် ဘယ်သောအခါမှ ရှုံးနိမ့်ခြင်းမရှိ၊ အီရန်သည် ဒေသတွင်းကို လွှမ်းမိုးထား ပါတယ်။

၆ ။ အမေရိကန်ဟာ အစ္စရေး၏ အပြည့်အဝ မိတ်ဖက်ဖြစ်ပြီး ပါလက်စတိုင်း၏ စစ်ဆင်ရေးများ ၊ သိမ်းပိုက်မှု များ ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ဖျက်ဆီးမှုတွေကို စီမံခန့်ခွဲနေပါတယ်။

၇။ ထရမ့် သည် အာရပ်နိုင်ငံများကို တိတ်ဆိတ်ထားစေရန် စကားလုံးအခြေခံ အကျိုးခံစားခွင့်များသာ ပေးနေပြီး၊ ထိုအချိန်တွင် အစ္စရေးသည် မိမိ၏ ကျူးကျော် ရေးအစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေပါတယ်။

၈။ လက်ဘနွန်ကို လက်နက်မဲ့ပြုလုပ်ရန် အစိုးရ၏ အာရုံစိုက်မှုသည် အစ္စရေးတိုက်ခိုက်မှု၏ ရည်ရွယ်ချက်များကို ပြည့်မီစေသည့် ကြီးမားသော အမှားတစ်ခုဖြစ်ပါတယ်။

၉။ ဇီယိုနစ် ရန်သူသည် စစ်ပွဲကုန်ကျစရိတ်ကို ရှောင်ရှားရန်နှင့် နိုင်ငံရေးလမ်းကြောင်းဖြင့် မိမိ၏ တောင်းဆိုချက် များကို ရရှိရန် အများဆုံးဖိအားပေးမူဝါဒဖြင့် ခြိမ်းခြောက်နေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha