၃ ဧပြီ ၂၀၂၆ - ၂၃:၂၅
အမေရိကန်၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဝါရှင်တန်က ဖျက်ဆီးခဲ့သော တံတားကိုပင် ဖွင့်လှစ် ခြင်း မရှိသေးပါ

အီရန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟိုရှန်ဂ် ဗါဇ်ဝဒ် က ကရဂျ် မြို့ရှိ B1 တံတားနှင့်ပတ်သက်၍ ဆောက်လုပ်ရေး၏ နောက်ဆုံးအဆင့်ကို လုပ်ဆောင်နေပြီး ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာ အရ  ကက်စပီယန်ပင်လယ်သို့ သွားသော ခရီးသည်များအတွက် ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းကြောင်းကို လျှော့ချရန် တံတားကို ပြင်ဆင်နေပြီး ၂၀၂၆ ခုနှစ် မေလတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟိုရှန်ဂ် ဗါဇ်ဝဒ် က ပြောကြားခဲ့ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တံတားကို ပြန်လည်တည်ဆောက်မည်ဖြစ်သော်လည်း ယခင်ကထက် ပိုမိုကောင်းမွန်စွာ တည်ဆောက်သွားမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။ အီလမ်ပြည်နယ်ရှိ မဟာဗျူဟာမြောက် တံတားကို အမေရိကန်၏ တိုက်ခိုက်မှုအပြီးတွင် အီရန်ကျွမ်းကျင်သူများက ချက်ချင်းပြုပြင်ခဲ့သလိုပင် ဤတံတားကိုလည်း ချက်ချင်းပြုပြင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

B1 တံတားသည် အနောက်အာရှတွင် အရှည်ဆုံးတံတားဖြစ်ပြီး အီရန်အင်ဂျင်နီယာများက ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်ကို သတိပြုသင့်ပါတယ်။

 ဤအရပ်ဘက်စီမံကိန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အီရန် လက်နက်ကိုင် တပ်ဖွဲ့များသည် တံတားကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုနေကြောင်း ပြောဆိုခဲ့ သည်မှာ သတိပြုသင့်ပါတယ်။

အမှန်တကယ်အားဖြင့် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ တံတားများ၊ ကျောင်းများ၊ ဆေးရုံများနှင့် လူနေအဆောက်အဦများကို တိုက်ခိုက်ခြင်းသည် အလွန်ယုတ်မာသော လုပ်ရပ်တစ်ရပ်ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အီရန်နိုင်ငံကို ပြန်လည်တိုက်ခိုက်စေပြီး၊ ထိုအခြေအနေကို အသုံးချ၍ မိမိတို့ပြည်သူများအတွင်း အီရန်ဆန့်ကျင်ရေး အမြင်များ ပိုမိုပြန့်ပွားလာစေရန် သွေးဆောင်ရန် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha