၁၉ ဧပြီ ၂၀၂၆ - ၀၅:၅၀
အမေရိကန်၏ ကတိချိုးဖောက်မှုတိုင်းတွင် ထိုက်တန်သော တုံ့ပြန်မှုရှိသည် / IRGC ရေတပ်

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ၏ ရေတပ်ကွပ်ကဲမှုဌာနသည် ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်၍ အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံက ကြေညာခဲ့သည့် ရပ်တည်ချက်များကို ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး အမေရိကန်၏ ကတိချိုးဖောက်မှုတိုင်းတွင် ထိုက်တန်သော တုံ့ပြန်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ၏ ရေတပ်ကွပ်ကဲမှုဌာနသည် မိမိ ၏ X လူမှုမီဒီယာအကောင့်တွင် "အမေရိကန်၏ ကတိချိုးဖောက်မှုတိုင်းတွင် ထိုက်တန်သော တုံ့ပြန်မှုရှိကြောင်း ၊  အီရန်မှ နှင့် အီရန်သို့ သင်္ဘောများ သွားလာမှုကို ခြိမ်းခြောက်နေသရွေ့ ဟော်မုဇ်ရေလက်ကြားရှိ အခြေအနေသည် ယခင်အတိုင်း ရှိနေမည်ဖြစ်ကြောင်း ၊ အလ္လာဟ်၏ အလိုတော်ဖြင့် " ဟု ရေးသားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha