အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှရ်ဟ်နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
فَإنَّ یَدَ اللّهِ عَلَی الْجَماعَةِ وَ إیّاکُمْ وَ الْفُرْقَةَ، فَإنَّ الشّاذَّ مِنَ النّاسِ لِلشَّیْطانِ، کَما أَنَّ الشّاذَّ مِنَ الْغَنَمِ لِلذِّئْبِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ်ဟို အရှင်မြတ် ၏လက်တော်သည် ဂျမာအသ် အပေါ်၌ ရှိပါသည်။ စည်းရုံး ရေးပျက်စီးအောင် ပြုခြင်း မှာ ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တည်းနေထိုင်သူသည် ရှိုင်တွန် ၏ သားကောင် ဖြစ်ပြီး တစ်ကိုယ်တည်း နေထိုင်သော သိုးသည် ဝံပုလွေများ၏ သားကောင်ဖြစ်သကဲ့သို့ပင်ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ရှရ်ဟ်နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ အတွဲ ၈ ၊ စာမျက်နှာ ၁၁၂
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဤဟဒီးစ်တော်သည် စည်းလုံးမှု (unity) ရဲ့ အရေးပါမှုကို သင်ကြားပေးပါတယ်။ မွတ်စလင်မ်များဟာ ဂျမာအသ် (အုပ်စု၊ အသိုင်းအဝိုင်း) နဲ့အတူနေပြီး အတူတကွ ဆောင်ရွက်ရင် အလ္လာဟ်၏ ကာကွယ်မှုနဲ့ အကူအညီ ရရှိမယ်ဆိုတာကို ဖော်ပြထားပါတယ်။ တစ်ယောက်တည်း ခွဲထွက်နေခြင်း၊ အဖွဲ့အစည်းကနေ ကွဲထွက်ခြင်းတွေက လူကို အမှားလုပ်စေဖို့ ရှိုင်တန် အတွက် လွယ်ကူစေတယ်လို့ ဥပမာပေးထားပါတယ်။ ဒါကြောင့် မွတ်စလင်မ်များ ကို အချင်းချင်း စည်းလုံး ညီညွတ်စွာ နေထိုင်ဖို့၊ အငြင်းပွားမှုနဲ့ ကွဲပြားမှုတွေကို ရှောင်ဖို့ တိုက်တွန်းထားတဲ့ ဟဒီးစ်တော် ဖြစ်ပါ တယ်။ပြီးနောက် မိမိ ခုံ၊နေရာ ရဖို့ ဂျမာအသ်အကြား စည်းရုံး ရေးပျက်စီးအောင်ပြုသူများလည်း ဤဟဒီးစ်တော် မှ သံဝေဂ၊ သင်ခန်းစာ ယူချိန် တန်နေပြီး ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment