၁၈ မေ ၂၀၂၆ - ၀၇:၀၆
မြတ်အလ္လာဟ်၏ နှစ်သက်မှုကို ဖြစ်စေသော အရာသုံးမျိုး

အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု မြတ်အလ္လာဟ်၏ နှစ်သက်မှုကို ဖြစ်စေသော အရာသုံးမျိုး နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الجواد علیه السلام:

ثَـلاثٌ يَبْلُغْنَ بِالْعَبْدِ رِضْوانَ اللّه ِ تَعالى: كِثْـرَةُ الاْءسْتِغفـارِ وَ لِينُ الْجانِبِ وَ كَثْرةُ الصَّدَقَةِ.

အေမာမ် ဂျဝါဒ်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

«  လူတစ်ဦးမှာ အောက်ပါအချက်သုံးချက်ရှိပါက အလ္လာဟ်ဟိုအရှင်မြတ် ၏ ကျေနပ်မှုကို ရရှိစေမည်ဖြစ် ပါသည်။

၁။ သောင်ဗဟ် (အပြစ်များအတွက် နောင်တယူ၍ အလ္လာဟ်ထံ ပြန်လည်လှည့်ခြင်း) များစွာ ပြုလုပ်ခြင်း

၂။ ကောင်းမွန်သော မိတ်ဆွေများ နှင့် ပေါင်းသင်းနေထိုင်ခြင်း

၃။ ဆဒ်ကဟ် များစွာ ပေးခြင်း  တို့ ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ  ၃၈၀ ၊ ဟဒီးစ်တော် ၄၂

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ဤဟဒီးစ်တော်မှ လူတစ်ယောက် အလ္လာဟ်ဟို အရှင်မြတ် ရဲ့ ကျေနပ်မှုကို ရဖို့အတွက် အရေးကြီးတဲ့ အကျင့်သုံးမျိုးကို သင်ကြား ထားပါတယ်။

၁။သောင်ဗဟ် များများပြုလုပ်ခြင်း က လူကို အပြစ်ကနေ သန့်ရှင်းစေပြီး အလ္လာဟ်ဟိုအရှင်မြတ် နဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေပါတယ်။

၂။ကောင်းသောမိတ်ဆွေရွေးချယ်ခြင်း က လူရဲ့ အကျင့်စရိုက်ကို ကောင်းမွန်စေပြီး မကောင်းမှု တွေ ကနေ ကာကွယ်ပေးပါတယ်။

၃။ဆဒ်ကဟ် ပေးခြင်း က ဆင်းရဲသားများ ကို ကူညီပေးသလို လူရဲ့ စိတ်နှလုံးကိုလည်း ကောင်းမွန် နူးညံ့စေပြီး အလ္လာဟ်ဟို အရှင်မြတ်၏  ကျေးဇူးတော်ကို ရရှိစေပါတယ်။

အနှစ်ချုပ်အားဖြင့် — ဤသုံးချက်ကို လိုက်နာသူဟာ အလ္လာဟ်ဟို အရှင်မြတ်၏ ကျေနပ်မှုကို ရရှိသူ ဖြစ်ပြီး နီးကပ်လာသူ ဖြစ်ပါတယ်။

======================================================

END / 251

Tags

Your Comment

You are replying to: .
captcha