အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
فَوَاللَّهِ لاَ أَغْضَبَتْنِی وَ لاَ عَصَتْ لِی أَمْراً وَ لَقَدْ کُنْتُ أَنْظُرُ إِلَیْهَا فَتَنْکَشِفُ عَنِّی الْهُمُومُ والأَحْزَانُ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ကျိန်ဆိုပါ၏၊ ဖွာတွေမဟ် (စ.အ) သည် ကျွန်ုပ်ကို မည်သည့်အခါမျှ အမျက် ဒေါသထွက်စေခြင်း မရှိခဲ့သလို၊ မည်သည့်ကိစ္စရပ်၌မျှ ကျွန်ုပ်၏စကားကို ဆန့်ကျင်ခြင်း မပြုခဲ့ပါ။
ထို့ပြင် ကျွန်ုပ်သည် ဖွာတွေမဟ် (စ.အ) ကို ကြည့်ရှုလိုက်တိုင်း ကျွန်ုပ်၏ စိတ်နှလုံးမှ ပူဆွေးသောကများ ကင်းစင် ပျောက်ကွယ်သွားရလေသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၁၃၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ခင်ပွန်းသည် တစ်ဦးဖြစ်သူ အေမာမ် အလီ (အ.စ) နှင့် သမီးတော် ဖွာတွေမဟ် (စ.အ) တို့ကြားရှိ အလွန်မြင့်မြတ်သော ချစ်ခြင်းမေတ္တာ၊ လေးစားမှုနှင့် နားလည်မှုတို့ကို ပေါ်လွင်စေပါတယ်။ စံပြဇနီးသည် သည် ခင်ပွန်း သည် ၏ စကားကို နာခံခြင်း၊ စိတ်ညစ်ညူးမှု ၊ မဖြစ်စေခြင်းဖြင့် စံပြ ဇနီးသည် တစ်ဦး၏ အရည်အသွေးကို ဖော်ပြနေပါတယ်။ မောင်လာအလီ (အ.စ) အတွက် ဇနီးသည် ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မျက်နှာတော် ကို ကြည့်ခြင်းသည် လောကီရေးရာ စိတ်ပူပင်မှုများမှ လွတ်မြောက်ရာ၊ စိတ်နှလုံး အေးချမ်းစေရာ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဤဟဒီးစ်တော် သည် အစ္စလာမ်တွင် ဇနီးသည် တစ်ဦး၏ ဂုဏ်ကျေးဇူးနှင့် ခင်ပွန်းသည် တစ်ဦး၏ ဇနီးသည် အပေါ် ထားရှိသော မေတ္တာတရားကို အဓိကထား မီးမောင်းထိုးပြထားပါတယ်။
****************************************************************
END / 251
Your Comment