အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
إِذَا أُدْخِلَ الْمُؤْمِنُ قَبْرَهُ نُودِیَ: أَلَا إِنَّ أَوَّلَ حِبَائِکَ الْجَنَّةُ، وَحِبَاءَ مَنْ تَبِعَکَ الْمَغْفِرَةُ.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အီမာန်သက်ဝင်ယုံကြည်သူအား တစ်ဦးတစ်ယောက်အား ကဗရ် တွင်းသို့ချသည့် အခါ သူ့အား ဤသို့ ခေါ်ဆိုခြင်းခံရပါမည်။ သတိပြုလော့။ သင့်အတွက် ပထမဆုံး ချီးမြှင့်သောလက်ဆောင်မှာ ဂျန္နသ် (သုခဘုံ) ဖြစ်ပါသည်။ ထို့ပြင် သင့်၏ ဂျနာဇဟ် (စျာပန) ကို လိုက်ပို့ခဲ့ကြသူများအတွက် လက်ဆောင်မှာ အလ္လာဟ် ဟို အရှင်မြတ် ၏ ခွင့်လွှတ်တော်မူခြင်း (မဂ်ဖိရဟ်) ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း၊ အတွဲ ၃ ၊ စာမျက်နှာ ၁၇၂
ရှင်းလင်းချက်အကျဥ်း - အထက်ပါ ဟဒီးစ်တော် မိုအ်မင်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် အစ္စလာမ်တွင် ဂျနာဇဟ် (စျာပနာ ) တက်ရောက်မှု ၏ အရေးပါမှု ကို ဖော်ပြထားပါတယ်။ မိုအ်မင်အတွက် သေဆုံးပြီးနောက် အလ္လာဟ်ဟို အရှင်မြတ်ထံမှ ပထမဆုံးရရှိသော သတင်းကောင်းမှာ ဂျန္နသ် ၏ ဝမ်းမြောက်ဖွယ်ကတိ ဖြစ်ပါတယ်။ ဂျနာဇဟ် ကို လိုက်ပို့သူများအတွက်လည်း အလ္လာဟ်ဟို အရှင်မြတ်က အပြစ်များကို ခွင့်လွှတ်တော်မူခြင်း ဟူသော ဆုလာဘ်ကို ပေးသနားတော်မူခြင်းဖြစ်ပါတယ်။ ထိုကြောင့် မွတ်လင်မ်တစ်ဦး၏ ဂျနာဇဟ် ကို လိုက်ပို့ခြင်း၊ သူ့အတွက် ဒိုအာပြုခြင်းနှင့် သင်္ဂြိုဟ်ခြင်းတွင် ပါဝင်ခြင်း သည် အလွန်အကျိုးရှိပြီး ဆဝါးဗ် ကြီးမားသော ကုသိုလ် အလုပ်ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးကို အီမာန်အပြည့်ဖြင့် ဘဝကို အဆုံးသတ်နိုင်စေပြီး၊ သေဆုံးပြီးနောက် ဂျန္နသ် နှင့် မဂ်ဖိရဟ်၏ သတင်းကောင်းကို ရရှိသူများထဲတွင် ပါဝင်ခွင့်ပေးသနားတော်မူပါစေ။ အာမီးန်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment