အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစိုးရရှေ့နေချုပ် မိုဟမ္မဒ် မဝဟစ်ဒ် အဇါဒီ သည် အဆင့်မြင့်အစည်းအဝေးတစ်ရပ်တွင် မိန့်ခွန်းပြောကြား ရာ၌ တီဟီရန် အထူးအစိုးရရှေ့နေရုံးနှင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသရှိ အစိုးရရှေ့နေရုံးများက အမေရိကန်၏ ရာဇဝတ်မှုမြောက် လုပ်ရပ်များနှင့်ပတ်သက်၍ အမှုများကို ပြင်ဆင်ထားပြီး လိုအပ်သည့် သက်သေ အထောက် အထားများကိုလည်း စုဆောင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းကမီးနာဗ်၊ လာမာ့ဒ် တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ အစ္စလာမ်မစ် တော်လှန်ရေး ခေါင်းဆောင်နှင့် ၎င်း၏မိသားစုဝင်များ သေဆုံးခဲ့မှုများအပြင် စီရစ်ခ် ဒေသရှိ မင်္ဂလာဆောင်ပွဲအပေါ် တိုက်ခိုက်မှု ကဲ့သို့သော အမေရိကန်၏ ရာဇဝတ်မှုများနှင့်ပတ်သက်၍လည်း အမှုများကို ပြင်ဆင်ပြီးဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
မိုဟမ္မဒ် မဝဟစ်ဒ် အဇါဒီ က ဒေသတွင်းနိုင်ငံအချို့တွင် တည်ရှိနေသော အမေရိကန်စစ်စခန်းများသည် အဆိုပါ နိုင်ငံများ၏ အမျိုးသားအချုပ်အခြာအာဏာကို စော်ကားရာရောက်သည် ဟု သတ်မှတ်ခဲ့ပါတယ်။
ထို့အပြင် အစိုးရရှေ့နေချုပ်များအနေဖြင့် ပြည်သူများ၏ အမျိုးသားအချုပ်အခြာအာဏာပိုင်ခွင့်ကို ကာကွယ် ပေးရန် နှင့် နိုင်ငံခြားစစ်စခန်းများကြောင့် မိမိတို့ပြည်သူများ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာ ထိခိုက် စော်ကား ခံရမှုများကို တားဆီးပေးရန် တောင်းဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment