အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆီလူအာနော့ဗ် က စနေနေ့တွင် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်၌ ကျင်းပခဲ့သော G20 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံများသည် အမေရိကန်နှင့် အီရန်အကြား ဖြစ်ပွားနေသော စစ်ပွဲကို ချက်ချင်း အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်ဟု ပြောဆိုခဲ့ပါတယ်။
၎င်းနိုင်ငံများသည် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုအပေါ်လည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး၊ အဆိုပါ အစည်းအဝေးတွင် အနောက်နိုင်ငံများဘက်မှ အမေရိကန်နှင့် အီရန်အကြား ဖြစ်ပွားနေသည့် စစ်ပွဲ ကိစ္စကိုလည်း ဆွေးနွေးတင်ပြခဲ့ကြသည်ဟု ဆိုပါတယ်။
ဆီလူအာနော့ဗ်က ရုရှားသတင်းဌာန TASS နှင့် ပြောကြားရာတွင် “ကျွန်တော်တို့က စွမ်းအင်အရင်းအမြစ်များနှင့် ဓာတုမြေဩဇာများ ရရှိနိုင်ရေးအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ဓာတုမြေဩဇာများ၏ ထုတ်လုပ် မှုဟာ စွမ်းအင်ကုန်ကြမ်းများအပေါ် အလွန်အမင်း မှီခိုနေရပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်ရှိ အခြေအနေ၊ ပါရှန်းပင်လယ်ကွေ့ဒေသရှိ နိုင်ငံများ ထံမှ ရေနံထောက်ပံ့ပေးနိုင်သည့် ပမာဏနှင့် စွမ်းအင်ဈေးနှုန်းများနှင့် ပတ်သက်၍ လူတိုင်း စိုးရိမ်နေကြသည်မှာ ရှင်းလင်း ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါတောင်းဆိုချက် ထွက်ပေါ်လာခြင်းမှာ အမေရိကန်သမ္မတနှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးတို့ကဲ့သို့ အမေရိကန်အဆင့်မြင့် အရာရှိများက လာမည့်နှစ်များအတွင်း ဟော်မုဇ်ရေလက်ကြားသည် အရေးပါ မှုမရှိ တော့သည့် ရေလမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်ပြီး ရေနံသယ်ယူပို့ဆောင်မှုကို ကုန်းမြေပေါ်ရှိ ပိုက်လိုင်း များ ဘက်သို့ ပြောင်းရွှေ့သွားမည်ဟု ပြောဆိုထားပြီးသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment