အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်စစ်တပ်၏ ဒုတိယညှိနှိုင်းရေးမှူး ရေတပ်ဗိုလ်ချုပ် ဟဘီဘွလ္လာဟ် စယာရီ က စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ “ယနေ့ခေတ်စစ်ပွဲသည် ဆန္ဒနှင့် စိတ်ဓာတ်တို့၏ စစ်ပွဲဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက “ယနေ့ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် မယိမ်းမယိုင် ရပ်တည်နိုင်ရေးနှင့် ဆန္ဒ၊ စိတ်ဓာတ်တို့၏ စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲတွင် ကျွန်ုပ်တို့ အောင်မြင်နေပါသည်” ဟု ဆိုပါတယ်။
ရေတပ်ဗိုလ်ချုပ် ဆီယာရီက “ယနေ့ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ အရင်းအမြစ်များနှင့် နည်းပညာအားလုံးကို ပိုင်ဆိုင်ထားသူနှင့် ရင်ဆိုင်၍ မယိမ်းမယိုင် ရပ်တည်နေကြသည်။ ထို့ကြောင့် ထိုကဲ့သို့သော ရန်သူရှေ့တွင် ကျွန်ုပ်တို့ မယိမ်းမယိုင် ရပ်တည်နေနိုင်ခြင်းအတွက် ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့နေနိုင်သင့်သည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ရန်သူ၏ ရည်မှန်းချက်များ မအောင်မြင်ခြင်းကို အီရန်၏ အောင်မြင်မှုအဖြစ် သတ်မှတ်ပြောဆိုခဲ့ပြီး “မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်ကို အလွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုအချက်၏ အကြီးမားဆုံး သက်သေမှာ ထိုစစ်ပွဲများအတွင်း ရန်သူသည် မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment