အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အမေရိကန်အာဏာပိုင်များက အီရန်အပေါ် အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသော်လည်း အမေရိကန်မီဒီယာများကိုယ်တိုင်က “Operation Economic Fury” (စီးပွားရေးအမျက်ဒေါသ စစ်ဆင်ရေး) ဟု ခေါ်ဆိုထားသည့် လုပ်ဆောင်မှုများသည် ထိရောက် မှုမရှိကြောင်း သတ်မှတ်ပြောဆိုထားပါတယ်။
အမေရိကန်သတင်းမီဒီယာများ၏ အဆိုအရ အီရန်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ပုံစံမျိုးစုံသော ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်လာခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် ယခု လုပ်ဆောင်နေသည့် အရေးယူမှုများ သည် အလွန်သတိထား၍ အကောင်အထည်ဖော်နေသော်လည်း ထိရောက်မှုမရှိသည့်အတွက် အီရန်အပေါ် သိသာထင်ရှားသော သက်ရောက်မှု ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ၎င်းတို့က ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment