၁၄ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
စစ်ပွဲ ၃ ကြိမ်တွင် အမေရိကန် နှင့် အစ္စရေး ရှုံးနိမ့်ခဲ့ ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် ပြောကြား

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့သည် စစ်ပွဲ ၃ ကြိမ်တွင် ရှုံးနိမ့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ  လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် H.I ရှိက်ခ် နအီးမ် ကာစင်မ် က Unity Week  (အစ္စလာမ်ဘာသာဝင်များ စည်းလုံးညီညွတ်ရေး ရက်သတ္တပတ်)  အထိမ်းအမှတ် မိန့်ခွန်းတွင် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့သည် အစ္စလာမ္မစ်သမ္မတနိုင်ငံ အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲ ၃ ကြိမ်တွင် ရှုံးနိမ့်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အီရန်ပြည်သူများ၏ မဆုတ်မနစ် ခံနိုင်ရည်ရှိမှုကြောင့် အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ပွဲ ၃ ကြိမ်တွင် ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏ ပူးပေါင်းကြံစည်မှု အစီအစဉ်များတွင် မည်သည့်အခါမျှ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

H.I ရှိက်ခ် နအီးမ် ကာစင်မ် က “ခုခံတော်လှန်မှုနှင့် မဆုတ်မနစ် ခံနိုင်ရည်ရှိမှုသည် ကျွန်ုပ်တို့၏ အဆင့်အတန်းကို ပြန်လည်မြှင့်တင်ရန် အခြေခံအုတ်မြစ်ဖြစ်ကြောင်း  ယင်းက ရန်သူ၏ အစီအစဉ်များကို ကျရှုံးစေပြီး ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့၏ စွမ်းရည်များကို ပိုမိုခိုင်မာစေသည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက စည်းလုံးညီညွတ်ရေးကို အလေးပေးပြောကြားပြီး “ကျွန်ုပ်တို့အချင်းချင်းကြားရှိ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းစစ်မျက်နှာစာတစ်ရပ် ပေါ်ပေါက်လာပြီး အမှန်တကယ် ရန်သူကို မေ့လျော့သွားသည့်အခြေအနေမျိုး မဖြစ်စေရ” ဟု တိုက်တွန်းခဲ့ပါတယ်။

H.I ရှိက်ခ် နအီးမ် ကာစင်မ်  က အီရန်ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် တစ်သားတည်းဖြစ်မှုကြောင့် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့သည် အစ္စလာမ္မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲ ၃ ကြိမ်တွင် ရှုံးနိမ့်ခဲ့ပြီး အီရန်ကလည်း ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “ကျွန်ုပ်တို့၏ နယ်မြေ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ၊ ထို့အပြင် ကျွန်ုပ်တို့၏ အခွင့်အရေးများကို ကာကွယ်ရန် ခိုင်မာစွာ ရပ်တည်နေသရွေ့ ရန်သူသည် ၎င်း၏ ရည်မှန်းချက်များကို မည်သည့်အခါမျှ အောင်မြင်နိုင်မည်မဟုတ်” ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha