၂၀ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၅
NPT မှ နုတ်ထွက်ရေး ဥပဒေကြမ်းကို အီရန်ပါလီမန်တွင် တင်သွင်း

အီရန်ပါလီမန်အမတ်တစ်ဦးက NPT (နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်) မှ နုတ်ထွက်ရန် ဥပဒေကြမ်းကို တင်သွင်းခဲ့ပြီး လက်ရှိအခြေအနေများနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို ထည့်သွင်းစဉ်းစားပါက နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်တွင် ဆက်လက်ပါဝင်နေခြင်းသည် အီရန်၏ အကျိုးစီးပွားအတွက် မသင့်လျော်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်ပါလီမန်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်မှ နုတ်ထွက်ရန် အဆိုပြုထားသည့် ဦးစားပေးအဆင့် ၃ သတ်မှတ်ထားသော ဥပဒေကြမ်းကို ပါလီမန်အုပ်ချုပ်ရေးအဖွဲ့ထံ တင်သွင်းထားပြီးဖြစ်သည်။ ယခုအခါ ပါလီမန်အစည်းအဝေးတွင် ပွင့်လင်းဆွေးနွေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌ၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။

အီရန်ပါလီမန်အမတ် ဟိုစိုင်းန် အလီ ဟာဂျီ ဒေလီဂါနီ က တနင်္ဂနွေနေ့ ပါလီမန်အစည်းအဝေးအတွင်း NPT မှ နုတ်ထွက်ရေး ဦးစားပေးအဆင့် ၃ ဥပဒေကြမ်းသည် အချိန်အတော်ကြာကတည်းက ဆွေးနွေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက လက်ရှိနိုင်ငံအခြေအနေများနှင့် အီရန်အပေါ် မကြာသေးမီက ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများကို ထည့်သွင်းစဉ်းစားပါက NPT တွင် ဆက်လက်ပါဝင်နေခြင်းသည် အီရန်အတွက် ထိခိုက်နစ်နာမှုများသာ ဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အုပ်ချုပ်ရေးဘုတ်အဖွဲ့က အီရန်၏ နျူကလီးယားအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ လွှဲပြောင်းရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ခြင်းကိုလည်း ဟာဂျီ ဒေလီဂါနီက ရည်ညွှန်းပြောကြားခဲ့ပါတယ်။

၎င်းက အီရန်အနေဖြင့် ထိုလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ထပ်ဆုံးရှုံးနစ်နာမှုများကို ရှောင်ရှားသင့်ပြီး မိမိ၏ကိစ္စရပ်များကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် NPT မှ နုတ်ထွက်ရန် လိုအပ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha