၂၅ စက်တင်ဘာ ၂၀၂၆ - ၀၇:၃၈
ရန်သူကို မယိမ်းမယိုင် ရင်ဆိုင်တိုက်ဖျက်ရန် အလေးပေးပြောကြား

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ၏ မြေပြင်တပ်ဖွဲ့မှူးက “ကျွန်ုပ်တို့သည် ရန်သူကို မယိမ်းမယိုင် ရင်ဆိုင်သွားမည်ဖြစ်ပြီး အနည်းငယ်မျှပင် နောက်ဆုတ်မည်မဟုတ်”ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန ၏ အစီရင်ခံစာအရ  အီရန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသများသို့ သွားရောက်လည်ပတ်ပြီးနောက် အစ္စလာမ္မ်မစ် တော်လှန်ရေးအစောင့်တပ်၏ မြေပြင်တပ်ဖွဲ့မှူး မိုဟမ္မဒ် ကရီမီ  က ရှစ်နှစ်ကြာ “မြင့်မြတ်သောအမိမြေ ကာကွယ်ရေးစစ်ပွဲ” အတွင်း ကျဆုံးခဲ့သည့် အာဇာနည်များကို ဂုဏ်ပြုသည့် သတင်းစကားတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

၎င်းက လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် သတင်းစကားတွင်

“အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်ကို ယုံကြည်အားကိုး၍ ရှစ်နှစ်ကြာ မြင့်မြတ်သောကာကွယ်ရေးစစ်ပွဲကာလကဲ့သို့ ရန်သူကို မယိမ်းမယိုင် ရင်ဆိုင်တိုက်ဖျက်သွားမည်ဖြစ်ပြီး အနည်းငယ်မျှပင် နောက်ဆုတ်မည်မဟုတ်” ဟု ရေးသားထားပါတယ်။

IRGC မြေပြင်တပ်ဖွဲ့မှူး မိုဟမ္မဒ် ကရီမီ က ထိုသတင်းစကားတွင် “အနာဂတ်သည် မြတ်နိုးအပ်သော အစ္စလာမ်နှင့် ရဲရင့်သော အီရန်ပြည်သူတို့၏ အနာဂတ်ဖြစ်သည်” ဟုလည်း ရေးသားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha