၂၅ စက်တင်ဘာ ၂၀၂၆ - ၁၇:၀၁
အီရန်အပေါ် ကနေဒါ၏ “နှစ်မျိုးနှစ်စားမူဝါဒ” / အရာရှိနှင့် အဖွဲ့အစည်း ၁၀ ခုအပေါ် ပိတ်ဆို့အရေးယူမှု

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့် အခြေအမြစ်မရှိဘဲ ထပ်ခါတလဲလဲ စွပ်စွဲချက်များ ကို အကြောင်းပြု၍ အီရန် အရာရှိများ နှင့် အဖွဲ့အစည်း စုစုပေါင်း ၁၀ ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ကနေဒါနိုင်ငံက အီရန်အရာရှိများ နှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ကြေညာခဲ့ပါတယ်။

ကနေဒါအစိုးရက ယင်းလုပ်ဆောင်ချက်အတွက် ဒစ်ဂျစ်တယ်စောင့်ကြည့်မှု နှင့် လူ့အခွင့် အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲထားခြင်း ကို အကြောင်းပြချက်အဖြစ် ဖော်ပြခဲ့ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် နိုင်ငံခြားရေးဝန်ကြီး အနီတာ အာနန်ဒ်  က ကနေဒါသည် Special Economic Measures (Iran) Regulations အရ အီရန်အရာရှိ ၅ ဦးနှင့် အဖွဲ့အစည်း ၅ ခု စုစုပေါင်း ၁၀ ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်ဟု ဆိုပါတယ်။

Anadolu သတင်းအရ  ကနေဒါသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ယခုအချိန်အထိ အီရန်ကို ဆန့်ကျင်သည့် အရေးယူဆောင်ရွက်မှုများအဖြစ် အဆင့် ၂၄ ကြိမ်  ပြုလုပ်ခဲ့ပြီး၊ အီရန်အရာရှိ ၂၃၇ ဦး နှင့် အဖွဲ့အစည်း ၂၆၅ ခု အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခဲ့သည်ဟု ဖော်ပြထားသည်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha