အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံ၏ ဝါရင့်ခေါင်းဆောင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ မိန့်ခွန်းများတွင် အမေရိကန်နှင့် အစ္စရေးနှင့် ပတ်သက်၍ အဓိကအချက် (၃) ချက်ကို အမြဲတမ်း အလေးပေး မိန့်ကြားလေ့ရှိသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
၁။ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးလိုမှု (Global Arrogance)
အာယာသွလ္လာဟ် ခါမေနာအီသည် အမေရိကန်ကို "အကြီးအကဲ မာနကြီးသူများ" (Global Arrogance) (အာဏာ ရှင်များ ) ဟု အမြဲတမ်း မိန့်ကြားလေ့ရှိပါတယ်။ အမေရိကန်၏ မတရား စီးပွားရေး ပိတ်ဆို့မှုများနှင့် စစ်ရေးအရ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို မတရား ဝင်ရောက်စွက်ဖက်ခြင်းသည် ကမ္ဘာ့တည်ငြိမ်မှုကို ပျက်ပြားစေကြောင်း၊ ထိုမူဝါဒများကို အီရန်အနေဖြင့် မည်သည့်အခါမျှ အလျှော့ပေးမည်မဟုတ်ကြောင်း မိမိ ၏ မိန့်ခွန်းများတွင် ခိုင်မာစွာ မိန့် ကြားထားပါတယ်။
၂။ အစ္စရေးကို အသိအမှတ်မပြုခြင်း နှင့် ပါလက်စတိုင်းကို ထောက်ခံခြင်း
အစ္စရေးနိုင်ငံ နှင့် ပတ်သက်၍ အာယာသွလ္လာဟ် ခါမေနာအီ၏ သဘောထားမှာ အလွန်ရှင်းလင်းပြတ်သားသည်။ အစ္စရေးကို "တရားမဝင်သော ဇီယွန်ဝါဒီ အစိုးရ" (Zionist Regime) အဖြစ် သတ်မှတ်ထားပြီး ပါလက်စတိုင်းပြည်သူများ၏ လွတ်မြောက်ရေးတိုက်ပွဲကို အစဉ်တစိုက် ထောက်ခံခဲ့ပါတယ်။ ဂျေရုဆလင် (Al-Quds) သည် အစ္စလာမ်ဘာသာဝင်များအတွက် အရေးကြီးဆုံးနေရာဖြစ်ပြီး ပါလက်စတိုင်းတို့၏ ရပိုင်ခွင့်ကို ပြန်လည်ရရှိသည်အထိ ခုခံတွန်းလှန်ရမည်ဟု တိုက်တွန်း မိန့်ကြား လေ့ရှိပါယ်။
၃။ ကြံ့ကြံ့ခံ ခုခံတွန်းလှန်ရေးလမ်းကြောင်း (Resistance Path)
အမေရိကန် နှင့် အစ္စရေးတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အစ္စလာမ်မစ် နိုင်ငံများအနေဖြင့် စစ်ရေး၊ စီးပွားရေးအရ အားကိုးရာမရှိဘဲ မိမိကိုယ်ကို အားကိုးရန် (Self-reliance) နှင့် စည်းလုံးညီညွတ်စွာဖြင့် "ခုခံတွန်းလှန်ရေးလမ်းကြောင်း" (Resistance Front) ကို အားကောင်းစေရန် မိန့်ခွန်းများတွင် အမြဲတမ်း တိုက်တွန်းမိန့် ကြားလေ့ရှိပါတယ်။
အနှစ်ချုပ်အားဖြင့်ဆိုရသော် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ မိန့်ခွန်းများသည် အီရန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ကိုယ်စားပြုရုံသာမက၊ အစ္စလာမ်မစ် ကမ္ဘာ၏ အခွင့်အရေးများအတွက် ရပ်တည်သော အဓိက လမ်းညွှန်ချက်များအဖြစ် ရှုမြင်ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment